October 20, 2024

၅.၃.၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) နှင့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့(CCG) တို့မှသင်္ဘောများသည် ဖိလစ်ပိုင်အနောက်ပင်လယ်ပြင်တွင် မတ်လ ၅ ရက်က တိုက်မိခဲ့ကြရာ ဖိလစ်ပိုင်ရေတပ်သားလေးဦးအနည်းငယ်ဒဏ်ရာရခဲ့သလို ဖိလစ်ပိုင်တပ်ဖွဲ့၏သင်္ဘောတွင်လည်း အနည်းငယ်ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်အနောက်ပင်လယ်ပြင်အတွက် ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ဗိုလ်မှူးချုပ် ဂျေ တာရီလာက မတော်တဆမှုမှာ ဖိလစ်ပိုင်အနောက်ပင်လယ်ပြင်အတွင်း ဖိလစ်ပိုင်လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ဆင်ရေးဆောင်ရွက်နေမှုအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးပြုလုပ်နေစဉ်အတွင်း PCG သင်္ဘောများက တရုတ်ကမ်းခြေစောင့် CCG သင်္ဘောများနှင့် ရေတပ်မရိန်းတပ်ဖွဲ့တို့၏ အန္တရာယ်ရှိသော စစ်ဆင်ပိတ်ဆို့မှုကို ကြုံခဲ့ရကြောင်း X လူမှုကွန်ရက်တွင် ဖော်ပြရေးသားခဲ့သည်။

၎င်းက “သူတို့ရဲ့ မဆင်မခြင် ဥပဒေမဲ့လုပ်ရပ်တွေကြောင့် MRRV-4407 သင်္ဘောနဲ့ CCG က 21555 သင်္ဘောတို့ ခုလိုတိုက်မိခဲ့ရတာပဲ” ဟု ထပ်မံပြောကြားခဲ့သည်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ စစ်ဆင်ရေးလေ့ကျင့်မှုကို ဤသို့ သင်္ဘောတိုက်မိမှုဖြစ်ပွားခဲ့သော်လည်း ဆက်လက်ဆောင်ရွက်နေ ဆဲ ပင်ဖြစ်ကြောင်းသိရသည်။

Chinese Global Times သတင်းစာကမူ CCG ၏သင်္ဘောများက ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ကြောင်းနှင့် ဖိလစ်ပိုင် ကမ်းခြေစောင့်သင်္ဘော၏ နာရှာကျွန်းအနီး တရုတ်ရေပိုင်နက်အတွင်း ဥပဒေနှင့်မညီ ဝင်ရောက်လာ၍ဤသို့ဖြစ်ရခြင်းဖြစ်ကြောင်း ရေးသားခဲ့သည်။

ယခုဖြစ်ရပ်တွင် တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောအာရေလွှတ်အားကောင်းသည့် ရေပိုက်အမြောက်များဖြင့်တိုက်ခိုက်ခဲ့၍ ဖိလစ်ပိုင်ရေတပ်သားလေးဦး ဒဏ်ရာရခဲ့ခြင်းဟု သိရသည်။

Ref- inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *