October 20, 2024

၅.၃.၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာအုပ်စု၊ ကော့ဘိန်းကျေးရွာ၊(ဒေသအခေါ်) လေယာဥ်ကွင်းဟောင်းအနီးတွင် နေထိုင်သည့် လေဖြတ်နေသည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မတ်လ ၅ ရက် နေ့လည် ၁၂ နာရီခွဲတွင် တညင်းကျေးရွာဘက်မှ မော်တော်ဆိုင် ကယ်ဖြင့်လာသော PDF များက လေယာဥ်ကွင်းအဟောင်းတွင်နေထိုင်သည့် ဦးမင်းမင်း၏ ခြံဝင်းထဲသို့ရောက်ရှိလာပြီး ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်ရာ ဦးမင်းမင်းမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထိုသို့ထွက်ပြေးလွတ်မြောက်သွားသည့်အတွက် ဦးမင်းမင်း၏ အစ်ကိုဖြစ်သူ လေဖြတ်နေသည့် ဦးသင်းအောင်ကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့် အသက်( ၅၅) နှစ်အရွယ် ဦးသင်းအောင်တွင် ဘယ်ဘက်ရင်ဘတ်ဖောက်ဝင်ဒဏ်ရာ၊ ညာဘက်ရင်ဘတ်ဖောက်ဝင်ဒဏ်ရာ၊ ညာဘက်လက်မောင်းဖောက်ဝင်ဒဏ်ရာ (၁)ချက်စီတို့ရရှိ၍ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Photo -credit

Leave a Reply

Your email address will not be published. Required fields are marked *