October 20, 2024

မြန်မာနိုင်ငံမှ အဆင့်မြင့်အစိုးရအရာရှိကြီးတစ်ဦးအာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ မတ်လ ၅ ရက်က တက်ရောက်စဉ်

၅.၃.၂၀၂၄
Translated by Htwe Ko Tun

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေက လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့မှာ မတ်လ ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ အဖွဲ့ဝင်တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအခြေအနေတွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လာအိုကာကွယ်ရေးဝန်ကြီး ချန်ဆာမွန်းက အစည်းအဝေးအဖွင့်မိန့်ခွန်းပြောကြားရာမှာ အာဆီယံအဖွဲ့ကြီးအပေါ် သက် ရောက်မှုတွေရှိလာစေတဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခတွေကိုတွေ့မြင်နေရတယ်လို့ ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း လွန်ခဲ့ သောသုံးနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ပဋိပက္ခအခြေအနေများကို မထိန်းသိမ်းနိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရာမှာလည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တာပါ။

မတ်လ ၃ ရက်မှာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းဆောင်ရွက်ရေးရုံးက မြန်မာနိုင်ငံအတွင်း ပြည်သူ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှုအထောက်အပံ့တွေလိုနေကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ပဋိပက္ခအခြေအနေအကြားနဲ့ တည်ငြိမ်လုံခြုံမှုမရှိခြင်း၊ အရပ်ဘက်လုံခြုံမှုမရှိခြင်း စတဲ့ ခြိမ်းခြောက်မှုတွေအကြား ရပ်တည်နေကြရတယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာအစိုးရကလည်း အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ ကိုယ်စားလှယ်တက်ရောက်ခဲ့ရာ မြန်မာအနေနဲ့ ဒေသကာကွယ်ရေးမူဘောင် ဆောင်ရွက်မှုမှာ ပြန်လည်ပါဝင်လာခြင်းလည်းဖြစ်တယ်လို့ ဆိုရမှာပါ။ ဒါ့ပြင် လူသားချင်းစာနာမှုအထောက်အပံ့ပေးဖို့လည်း အစည်းအဝေးမှာ လက်ဆုပ်လက်ကိုင် ရလဒ်တွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလအတွင်းက ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာလည်း မြန်မာနိုင်ငံ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံတွေက လူသားချင်းစာနာမှုအထောက်အပံ့တွေကို ထိုင်းနယ်စပ်ကိုဖြတ်လျက် မြန်မာနိုင်ငံသို့ပေးပို့ရန် သဘောတူခဲ့ကြပါတယ်။ ထိုင်းအာဏာပိုင်တွေက အထောက်အပံ့များအတွက် သင့်တော်တဲ့ဂိတ်တွေ တည် ဆောက်ဖို့ မဲဆောက်မြို့ နယ်စပ်နယ်မြေကို ဖေဖော်ဝါရီလ ၈ ရက်မှ ၉ ရက်ထိ သွားရောက်စစ်ဆေးခဲ့ကြပါသေးတယ်။

အထူးသဖြင့် ထိုင်းနိုင်ငံအာဏာပိုင်တွေပါဝင်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအထောက်အပံ့တွေဖြစ်တဲ့ ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေပေးပို့ရာမှာ အဓိကကဏ္ဍက ပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့ပြင် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးက မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ပဋိ ပက္ခမှာပါဝင်တဲ့သက်ဆိုင်အဖွဲ့အားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပိုမိုအဆင်ပြေချော မွေ့စေရန် ၎င်းတို့သို့ အာဆီယံအထူးကိုယ်စားလှယ်စေလွှတ်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာစည်းကမ်းချက်များနှင့် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာပါတီအဖွဲ့အားလုံးကိုတွေ့ဆုံရန် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးစေလွှတ်ရေးတို့ကိုလည်း ဆွေးနွေးတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေးအခင်းနဲ့ပတ်သက်လို့လည်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Ref- Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *