October 19, 2024

၅.၃.၂၀၂၄
Written By Thandar

အလှမယ်ပြိုင်ပွဲများစွာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အလှမယ် အိမ့်မျက်ခြယ်ကတော့ Miss Universe Myanmar 2024 ပြိုင်ပွဲကြီးကို Miss Universe Mawlamyine 2024 ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ MT Entertainmnt ကို ပြောပါတယ်။

“ပြိုင်ပွဲတစ်ခုစီတိုင်းမှာ ဝင်ပြိုင်တိုင်းအတွေ့အကြုံတွေရှိခဲ့ပေမယ့် စင်ပေါ်ရောက်တိုင်း ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ အရင်ကတော့ ဒီပြိုင်ပွဲကို ပြိုင်ချင်ပေမယ့် အသက်က ကန့်သတ်ချက်တွေရှိခဲ့တယ်လေ။ ကျွန်မက ဒါကြောင့် ကလေးတွေကိုပဲ Training တွေ ပေးခဲ့ရတာ။ ဒီနှစ်ကတော့ အသက်ကန့်သတ်ချက်မရှိတော့ ပြန်လည်ဝင်ရောက်ဖို့ ခွန်အားတွေဖြစ်လာခဲ့ပါတယ်။ ကိုယ့်ရဲ့ စီနီယာတွေလည်း တော်တော်လေး တက်တက်ကြွကြွနဲ့ ပံ့ပိုးကြတော့ ကိုယ့်အိပ်မက်တွေ အကောင်အထည်ပြန်ဖော်ခွင့်ရလာတယ်”လို့ Miss Universe Mawlamyine 2024 အလှမယ် အိမ့်မျက်ခြယ်က MT Entertainment ကို ပြောပါတယ် ။

သူမကတော့ Miss Universe Mawlamyine 2024 ပြိုင်ပွဲမှာ မော်လမြိုင်ကိုယ်စားပြု အလှမယ်အနေနဲ့ ရွေးချယ်ခံရသလို Title ဆုတွေဖြစ်တဲ့ Miss MT( MT Mon Traditional dress)၊ Popular Award Best Catwalk ဆုတွေရရှိခဲ့ပါတယ်။ ဒါ့ပြင် အလှမယ် နွယ်နီဝင်းက Miss Universe Thathone 2024 နဲ့ အလှမယ် ယုမွန်အောင်တို့က Miss Universe MuDon 2024 ကို ရွေးချယ်ခဲ့ကြပါတယ်။

သူမဟာတော့ Tasty Trip TV Host လုပ်ကိုင်နေရင်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Earth Myanmar 2015 နဲ့ Miss Supranational 2019 နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကြီးတွေမှာ နှစ်ကြိမ်တိတိ ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာလည်း Hotpick အနေနဲ့ ခန့်မှန်းခဲ့ရသူလည်း ဖြစ်ပါတယ်။ အလှမယ် အိမ့်မျက်ခြယ်က ပြိုင်ပွဲတွေကို ၅ နှစ်လောက် ရပ်နားခဲ့ပြီးတော့ ယခု ၂၀၂၄ ခုနှစ်မှာ ဒုတိယအကြိမ် Came Back အနေနဲ့ Miss Universe Myanmar 2024 ကို ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်လာတာလည်း ဖြစ်ပါတယ်။

“ဒီပြိုင်ပွဲအတွက် အများကြီး မျှော်လင့်ထားတယ်။ အတွေ့အကြုံကောင်းတွေကို အကောင်းဆုံး ကြိုးစားချပြသွားပါမယ်။ ပြိုင်ပွဲတိုင်းကတော့ အသစ်တစ်ယောက်လိုပါပဲ။ ရင်ခုန်စိတ်လှုပ်ရှားရပါတယ်။ ၂၀၁၅ ခုနှစ်ထဲက ညီမပြိုင်ပွဲတစ်လျှောက်လုံး အားပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ ခုလည်း ထပ်ပြီးတော့ အားပေးဝန်းရံပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *