၅. ၃. ၂၀၂၄
Written by Nay Moe
လုံခြုံရေးတပ်ဖွဲ့ကို မိုင်းထောင်နေသည့် PDF လေးဦးကို ပစ်ခတ်ဖမ်းဆီးရာမှ PDF တစ်ဦး အသေဖမ်းမိတဲ့ဖြစ်စဥ် မတ်လ ၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဥ်က ပျော်ဘွယ်မြို့နယ် ပေပင်ရှည်ကျေးရွာအနီးမှာ စစ်ကြောင်းကို မိုင်းခွဲဖို့ မိုင်းထောင်ပြီး မိုင်းကွင်းစောင့်ဆိုင်းနေချိန် တာဝန်သိပြည်သူတစ်ဦးက သတင်းပေးတာကြောင့် တပ်မတော်စစ်ကြောင်းက ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် PDF တစ်ဦးကို ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ အသေဖမ်းမိခဲ့သလို လက်လုပ်သေနတ်တွေ၊ လက်လုပ်စိန်ပြောင်းတွေနဲ့ မိုင်းတွေပါ ဖမ်းဆီးရှင်းလင်းခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး သေဆုံးသွားတဲ့ PDF ဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့ ရဲဘော်ခန့်မင်းသော် (ခ) တိုက်ဂါးဆိုသူဖြစ်ပြီး တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က PDF တစ်ဦးဖြစ်သလို မိုင်းကွင်းစောင့်နေတာကလည်း PDF လေးဦးဖြစ်ပြီး သုံးဦးကလွတ်မြောက်ခဲ့ကြောင်းနဲ့ ဒီလိုဖြစ်ရတာက ဒလန်ရဲ့သတင်းပေးမှုကြောင့်လို့လည်း တိုက်ဒေါင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။