October 20, 2024

၄. ၃. ၂၀၂၄
Written by Thinzar

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့၊ ဘိန်းဗျောကျေးရွာတွင် နေအိမ်တစ်လုံးရှိ မီးဖိုမီး မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ရာ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၄ ရက် နံနက် ၁ နာရီခွဲအချိန်တွင် ဦးဟန်ဝင်းမှာ အစ်မဖြစ်သူနေမကောင်းသောကြောင့် အစ်မဖြစ်သူနေအိမ်သို့ သွားရောက်ပြုစုစဉ် နေအိမ်မီးဖိုမီးအား မီးငြိမ်းသွားအောင် ငြှိမ်းသတ်ခြင်းမရှိ၍ ထိုမီးဖိုမီးရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ပါမီးလောင်ခဲ့ကြောင်း သိရသည်။

ထိုမီးလောင်ကျွမ်းသည့် နေအိမ်ကို ကျိုက်မရောမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာရှိပြည်သူများ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ၂ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း၊ မီးလောင်ကျွမ်းမူကြောင့် အလျား ပေ ၂၀၊ အနံ ၁၄ ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးခင်း၊ ခြေတံရှည်တစ်ထပ်နေအိမ်တစ်လုံး ဆုံးရူံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မီးပေါ့ဆစွာသုံးစွဲသည့် ဦးဟန်ဝင်းကို (ပ)၁၀/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Photo-Credit

Leave a Reply

Your email address will not be published. Required fields are marked *