October 19, 2024

၄. ၃. ၂၀၂၄
Written by Pan Ei

ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ရဲ့ ကမ္ဘာ့လှည့် ဖျော်ဖြေရေးခရီးစဉ် The Eras Tous ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ စင်ကာပူနိုင်ငံမှာ ဖျော်ဖြေသွားမဲ့ပွဲဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်က စတင်ကာ မတ်လ ၂၊ ၃၊ ၄ နဲ့ ၇၊ ၈၊ ၉ ရက်တွေမှာ အမျိုးသားအားကစားရုံမှာဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

တေလာဆွစ်ရဲ့ စင်ကာပူဖျော်ဖြေပွဲဟာ စင်ကာပူနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြေစာတွေမှာ ဒေါ်လာသန်း ရာနဲ့ချီ ထည့်ဝင်ပေးနိုင်နေပြီး အာရှတခွင်ကိုလည်း လှုပ်ခတ်မှုတွေများစွာ ဖြစ်ပေါ်စေခဲ့ကာ စင်ကာပူနိုင်ငံအပြင် နိုင်ငံပြင်ပက ပရိသတ်တွေ၊ အနုပညာရှင်တွေ၊ ကျော်ကြားသူတွေကပါ လာရောက် အားပေးခဲ့ကြတာပါ။

မနေ့ညက ပြုလုပ်ခဲ့တဲ့ တေလာဆွစ် ဒုတိယညဖျော်ဖြေပွဲကို လာရောက်အားပေးကြသူတွေထဲမှာ နာမည်ကျော် Blackpink အဖွဲ့ဝင် လီဆာ၊ Shinee အဖွဲ့ဝင် မင်ဟို၊ TikTok စီအီးအို Chew Shou Zi နဲ့ မလေးရှားဘုရင်မင်းမြတ်ရဲ့ သားတော် စတဲ့ နာမည်ကျော်ကြားသူတွေပါ ပါဝင်ခဲ့ပါတယ်။

ကြယ်ပွင့် လီဆာဟာ မတ်လ ၂ ရက်က စင်ကာပူမှာ ကျင်းပခဲ့တဲ့ ကေပေါ့ပ် အဖွဲ့ Shinee ရဲ့ ဖျော်ဖြေပွဲနဲ့ စူပါစတား တေလာဆွစ်တို့ကို အားပေးဖို့ ပြီးခဲ့တဲ့ အပတ်ကတည်းက စင်ကာပူကို လာရောက်ခဲ့တာဖြစ်ပြီး စင်မြင့်နောက်က တေလာဆွစ်နဲ့ လီဆာတို့ရဲ့တွဲရက်ထားတဲ့ ပုံကို ဒီနေ့မနက်မှာ လီဆာက အင်တာနက်ပေါ် တင်ခဲ့ရာမှာတော့ ပရိသတ်တွေက သဘောကျနေခဲ့ကြပြီး သူတို့နှစ်ယောက် အတူတွဲပြီး အနုပညာ ဖန်တီးမှုတွေ ပြုလုပ်မလားဆိုပြီးတော့လည်း မျှော်လင့်နေကြပါတယ်။

Shinee အဖွဲ့ဝင် ချွဲမင်ဟိုကလည်း မတ်လ ၂ ရက်က သူ့ရဲ့ ဖျော်ဖြေပွဲပြီးနောက် မနေ့ညက တေလာဆွစ် ရှိုးပွဲကို လာရောက်အားပေးခဲ့ပြီး “တေလာဆွစ် နူးနားက အရမ်းလှတယ်” ဆိုပြီး ကိုရီးယားဘာသာနဲ့ ရေးထားပြီး သူ သွားရောက်အားပေးခဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

TikTok စီအီးအို Chew Shou Zi ကလည်း သူ့ရဲ့ Eras Tour အတွေ့အကြုံကို မျှဝေရာမှာ “ကျွန်တော့်မိသားစုနဲ့ စင်ကာပူမှာ တေလာဆွစ်ရှိုးပွဲ တက်ရောက်ရတာ အံ့သြစရာကောင်းပါတယ်”လို့ TikTok မှာ ဖော်ပြခဲ့သလို ဖိလစ်ပိုင်က တေလာဆွစ် အတုလို့ ကျော်ကြားတဲ့ Taylor Sheesh ကိုလည်း အမျိုးသားအားကစားကွင်းအပြင်ဘက်မှာ ပရိသတ်တွေနဲ့ ဓာတ်ပုံရိုက်ခဲ့တာကို တွေ့ရပါတယ်။

မလေးရှားဘုရင်မင်းမြတ် ဆူလတန်ရဲ့သားတော် မင်းသား Tunku Idris Iskandar ကလည်း သူ့ရဲ့ တေလာဆွစ်ရှိုးပွဲ အတွေ့အကြုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး စင်ကာပူနိုင်ငံရဲ့ ယဉ်ကျေးမှု၊ အသိုက်အဝန်းနဲ့ လူငယ်ရေးရာဝန်ကြီး Edwin Tong နဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံကိုပင် သူက “ဒါဆို ReNAISSANCE TOUR NEXT?” ဆိုပြီး နောက်တစ်ပွဲက ဘီယွန်းဆေး ရှိုးပွဲဖြစ်ဖို့ဆိုပြီးပါ အရွှန်းဖောက်ကာ တင်ခဲ့ပါတယ်။

ဒါ့အပြင် တေလာဆွစ်က မနေ့ညက သူမရဲ့ အယ်လ်ဘမ်အသစ် The Tortured Poets Department ရဲ့ စတုတ္ထနဲ့ နောက်ဆုံးဗားရှင်းကို ထုတ်ဖော်ပြသခဲ့ပြီး ရှိုးအတွင်း ပြည်တွင်းပြည်ပက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါသေးတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *