October 20, 2024

၄. ၃. ၂၀၂၄
Written by Thinzar

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ ကြာအင်းစုစည်း (၁) ကျေးရွာအနီးရှိ တောအတွင်း၌ ထင်းကောက်နေသည့် အမျိုးသမီးငယ်တစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃ ရက် မွန်းလွဲ ၁ နာရီကျော်တွင် နောက်ကိုင်တော်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးငယ်မှာ အဖွားဖြစ်သူနှင့်အတူ ကြာအင်းစုစည်း (၁) ကျေးရွာအနီးရှိ တောအတွင်း၌ ထင်းကောက်နေစဉ် PDF များထောင်ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိုဒဏ်ရာရရှိသည့် အသက်(၁၆) နှစ်အရွယ် မနန်ဆန်ဘောက်မိုင်မှာ မိုင်းစထိမှန်သည့် ဒဏ်ရာများရရှိ၍ ဆေးကုသမူခံယူနေရကြောင်း နောက်ကိုင်တော်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူများထံမှ သိရသည်။

Photo-Credit

Leave a Reply

Your email address will not be published. Required fields are marked *