October 19, 2024

၄. ၃. ၂၀၂၄
Written By Thandar

ဟာသပညာရှင်ကြီး ဦးမန်းဝင်းရဲ့ ဇနီးလူရွှင်တော်ငြိမ်းချမ်းရဲ့ အစ်မ ဒေါ်ခင်အေးကြူ (၆၈)နှစ်ဟာ ယနေ့ မတ်လ ၄ ရက် နံနက် ၁ နာရီခွဲက နေအိမ်မှာ ပန်းနာရင်ကြပ်ရောဂါနဲ့ကွယ်လွန်တယ်လို့ မောင်ဖြစ်သူ လူရွှင်တော် ငြိမ်းချမ်းက MT Entertainment ကို ပြောပါတယ်။

“အမက အိမ်မှာပဲ ဆုံးသွားတာပါ။ အမ ပန်းနာရင်ကျပ် ရောဂါနဲ့ ဆုံးတာပါ။ တစ်လောကလုံးမှာ မောင်နှမဆိုလို့ ၂ ယောက်ထဲပါ။ ခုတော့မောင်လေးကိုထားခဲ့ပြီပေါ့ မမကြီးရယ်။ တစ်ဦးတည်းသာရှိတဲ့ မမကြီး ကျွန်‌တော့်ကို တစ်ကောင်ကြွက်ဘဝနဲ့ထားခဲ့ပြီပေါ့ဗျာ” လို့ လူရွှင်တော် ငြိမ်းချမ်းက ပြောပါတယ်။

ဟာသ သရုပ်ဆောင် ဟေမာမန်းဝင်းရဲ့ မိခင်လည်းဖြစ်ပြီးတော့ သူ့မဟာ (အလယ်တန်းပြ ဆရာမငြိမ်း) ဘုရား ရဟန်း ကျောင်းဒါယိကာမကြီးဖြစ်‌ပါတယ်။ ဒေါ်ခင်အေးကြူက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ (၇) အနောက်ရပ်ကွက် ပတ္တမြား (၂)လမ်း အမှတ် (၁၁၃၂) နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီးတော့ လာမယ့် မတ်လ ၆ ရက် နေ့လယ် ၁၂ နာရီ ကျီစုသုသာန်မှာ မီး သင်္ဂြိုဟ်မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *