၄. ၃. ၂၀၂၄
Written by Thinzar
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ မုက္ခမူကျေးရွာတောင်ပိုင်း၏ (၄) ဖာလုံရှိ လယ်တောထဲတွင် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂ ရက် ညနေ ၄ နာရီကျော်တွင် မုက္ခမူကျေးရွာတောင်ပိုင်း၌ နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ၎င်းပိုင်သည့် လယ်ကွင်းထဲသို့ ခြေလျင်သွားရောက်စဥ် ထိုလယ်ကွင်းထဲအရောက် မော်တော်ဆိုင်ကယ်ဖြင့် PDF များရောက်ရှိလာပြီး ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
ထိုသေနတ်ပစ်ခတ်ခံရမူကြောင့် သေဆုံးသွားသည့် ဦးကျော်ဝင်း၏ နဖူးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၁) ချက်၊ ညာဘက်ချိုစောင်းဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ညာဘက်နားထင် ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ညာဘက်မေးစေ့ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ညာဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဘယ်ဘက်နားရွက် အပေါ်ဖောက်ဝင်ဒဏ်ရာ(၁)ချက် နှင့် ဘယ်ဘက်နောက်စေ့ ဖောက်ဝင် ဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့် လပိုင်းကလည်း ကျိုက်ထိုမြို့တွင် အမျိုးသားတစ်ဦး ထင်းခွေသွားစဉ် PDF များထောင်ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
Photo-Credit