၄. ၃. ၂၀၂၄
Written by Nay Aung
အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနက် မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံထံမှ အကူအညီအများဆုံးရရှိထားသော နိုင်ငံများစာရင်းတွင် အဆင့် ၆ နေရာ၌သာ ရပ်တည်နေကြောင်း AID DATA အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
တရုတ်နိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများကို ကူညီထောက်ပံ့ပေးရာတွင် ဘဏ္ဍာရေးအကူအညီ၊ စီးပွားရေးအကူအညီ၊ ဆောက်လုပ်ရေးအကူအညီနှင့် အကြွေးပေးခြင်းအကူအညီများကို လုပ်ဆောင်ခဲ့ပြီး အဆိုပါအကူအညီများကို တွက်ချက်ဖော်ပြထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအနက် တရုတ်နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံသာ အကူအညီများရရှိထားကြောင်း သိရသည်။
အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများအနက် ကမ္ဘာ့စီးပွားရေးအကောင်းဆုံးနိုင်ငံများထဲတွင် ပါဝင်နေသော တရုတ်နိုင်ငံထံမှ အကူညီအများဆုံးရရှိနေသည့် နိုင်ငံက အင်ဒိုနီးရှားနိုင်ငံဖြစ်နေပြီး အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၂ ဘီလျံရရှိထားကြောင်း သိရသည်။ တရုတ်နိုင်ငံထံမှအကူအညီများကို အများဆုံးရရှိနေသည့် အရှေ့ တောင်အာရှနိုင်ငံများစာရင်းတွင် အင်ဒိုနီးရှားနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်နေပြီး ဗီယက်နမ်က အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၉ ဘီလျံဖြင့် ဒုတိယနေရာ၊ လာအိုနိုင်ငံက အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလျံဖြင့် တတိယနေရာတွင်ရပ်တည်နေကြောင်း သိရသည်။
ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇ ဘီလျံ၊ မလေးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၁၆ ဘီလျံ အကူအညီများရရှိထားကြောင်း သိရသည်။တရုတ်နိုင်ငံထံမှ အကူအညီအများဆုံးရရှိထားသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့က အနည်းဆုံးဖြစ်နေသည်။
Ref . AID DATA