၃. ၃. ၂၀၂၄
Written by Thettant
Transgender အလှမယ်တစ်ဦးနဲ့ ကပြဖျော်ဖြေရာမှာ ရင်သားတိပ်ကပ်ပြီး ဖျော်ဖြေမိတဲ့ နေပြည်တော်က Ordinary Bar က ပြန်လည်တောင်းပန်လာပြီး ဒီလိုမျိိုး ဖျော်ဖြေမှုကို တစ်လပိတ်လိုက်တယ်လို့ အသိပေး ကြေညာ တောင်းပန်လာပါတယ်။
ဖြစ်စဥ်က Ordinary Bar and Restaurant မှာ မတ်လ ၁ ရက်က ဒိုးနပ်(Donut) နဲ့ နန်းစိန်(NanSein) DJ ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ Sexy Dancer ဖြစ်သူ Ada Wong က မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီစွာ အပေါ်ပိုင်း (ရင်သားများအား တိတ်ဖြင့်ကပ်ကာ)ဗလာကျင်းနဲ့ Sexy Dance ပုံစံ ကပြဖျော်ဖြေခဲ့ပါတယ်။
Ordinary Bar and Restaurant အနေနဲ့ အဆိုပါပွဲကို လက်ခံကျင်းပခဲ့တာ၊ မြန်မာ့ယဉ်ကျေးမှုနဲ့မလျှော်ညီစွာ မသင့်မလျှော် ကပြခဲ့တာတို့အတွက် နေပြည်တော်ရှိ ပြည်သူလူထု၊ ဧည့်သည်တွေကို အထူး တောင်းပန်အပ်ပါတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နောင်မှာ Ordinary Bar and Restaurant အနေနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့မလျော်ညီတဲ့ မည်သည့် ကပြဖျော်ဖြေမှုမျိုးကိုမဆို ပြုလုပ်သွားမှာ မဟုတ်ကြောင်းနဲ့ တာဝန်ယူ/တာဝန်ခံမှုအနေနဲ့ ဆိုင်အပေါ်ထပ် DJ ခန်းကို ဒီနေ့ မတ်လ ၃ ရက်ကစတင်ပြီး ၁ လ တိတိ ခေတ္တပိတ်သိမ်း ရပ်နားသွားမယ်လို့လည်း အသိပေးကြေညာတောင်းပန်ထားပါတယ်။