October 30, 2024

အာဆီယံအထူးကိုယ်စားလှယ်ပရက်ဆိုခွန်းကို တွေ့ရစဥ်

၆.၁၂.၂၀၂၂
Written by Nay Aung

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းသည် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တွင် ကျင်းပမည့် အာဆီယံ-အီးယူ ASEAN-EU (European Union) အစည်းဝေးကိုတက်ရောက်ရမည့်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသို့ ယခုလအတွင်း လာရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း Daily Khmer Times သတင်းဌာနက ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းသည် ၎င်း၏ အာဆီယံအထူးကိုယ်စားလှယ်သက်တမ်း မကုန်ဆုံးခင် မြန်မာနိုင်ငံသို့ တတိယအကြိမ် ထပ်မံလာရောက်ရန် စီစဉ်ခဲ့ပြီးမှ လာရောက်မည့်အစီစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာမည့်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ရာ ပရက်ဆိုခွန်း၏ အာဆီယံအထူးကိုယ်စားလှယ်သက်တမ်းသည် ဒီဇင်ဘာလအကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ သက်တမ်းမကုန်ခင် မြန်မာနိုင်ငံသို့တတိယအကြိမ်မြောက် ထပ်မံလာရောက်ရန် စီစဉ်ခဲ့သည်။ ပရက်ဆိုခွန်းသည် မြန်မာနိုင်ငံသို့ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မတ်လနှင့် ဇွန်လတွင် လာရောက်ခဲ့ဖူးပြီး SAC အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါ အဝင် SAC တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကိုသွားရောက်ဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ကျွန်တော်တို့ဟာ ဘရက်လ်ဆဲမြို့မှာ ပြုလုပ်မယ့်အစည်းအဝေးကို တက်ရောက်ဖို့ရှိနေတယ်။ ကျွန်တော်တို့ဟာ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လွှဲပြောင်းတာဝန်ယူမယ့် အင်ဒိုနီးရှားနိုင်ငံကို မြန်မာနိုင်ငံရေး
ပြဿနာကို ဖြေရှင်းဆောင်ရွက်မှုတွေဆက်လက်လုပ်ကိုင်ဖို့ လွှဲပြောင်းပေးလိုက်တယ်” ဟု ဆိုသည်။

Ref ,Yonhap News Agency ၊ Khmer Times

Leave a Reply

Your email address will not be published. Required fields are marked *