October 18, 2024

၂ .၃ . ၂၀၂၄
Written by MMAK

◾ ဘရန့်ဖို့ Vs ချဲလ်ဆီး

လိဂ်ဖလားပွဲမှာ အဆုံးသတ် အားနည်းမှုတွေကြောင့်
ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့ ချဲလ်ဆီးအသင်း ကစားပုံတိုးတက်လာတာကို တွေ့ရပါတယ်။ ဘရန့်ဖို့ နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲအထိရှုံးနိမ့်ခဲ့ပေမဲ့ လေးပွဲက အသင်းကြီးတွေနဲ့ ကန်ရတာ ဖြစ်ပါတယ်။ ဒီပွဲပြီးရင် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ သွားကန်ရမှာဖြစ်လို့ အမှတ်ရနိုင်ချေ နည်းတဲ့အတွက် အခုအိမ်ကွင်းပွဲမှာ အမှတ်ရဖို့ ဘရန့်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားခြောက်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေးက သုံးလုံးတစ်ဆယ်အရှုံး ပေးထားပါတယ်။ ဘော်ဒီကြေးပျော့နေပေမဲ့ ဂိုးပေါင်းကြေး မြင့်တက်နေပုံအရ အဝေးကွင်းချဲလ်ဆီးအသင်း ဂိုးရမှာဖြစ်သလို အိမ်ရှင်ဘရန့်ဖို့အသင်းလည်း ဂိုးရမှာ ဖြစ်ပါတယ်။ အိမ်ရှင်ဘရန့်ဖို့အသင်းက အိမ်ကွင်းမှာဆိုရင် လီဗာပူးလို အသင်းတောင် ယှဉ်ကစားတတ်တဲ့အသင်းဖြစ်သလို ဦးဆောင်ဂိုးပေးရရင် တိုက်စစ်ဖွင့်ကစားတတ်တဲ့ အသင်းဖြစ်ပါတယ်။ နှစ်သင်းလုံး အနိုင်ရလဒ်ကို ဦးတည်ကစားမှာ ဖြစ်လို့ သွင်းဂိုးတွေ မြင်ရဖို့ သေချာနေပါတယ်။ အနည်းဆုံးသုံးဂိုး သေချာနေတာမို့ ဂိုးပေါ်တစ်ကြောင်းတည်း ရွေးရမှာဖြစ်ပါတယ် ။

◾ အဲဗာတန် Vs ဝက်စ်ဟမ်း

ဆယ်မှတ် အလျှော့ခံထားရတဲ့ အဲဗာတန်အသင်း အယူခံတင်သွင်းခဲ့တာကြောင့် ခြောက်မှတ်လျော့ပြစ်ဒဏ်ပြန်ပြောင်းချမှတ်ပေးခဲ့တဲ့အတွက် တန်းဆင်းဇုန်အသင်းနဲ့ ငါးမှတ်အကွာ အဆင့်တစ်ဆယ့်ငါးကို ရောက်ရှိလာပါတယ်။ ဒီပွဲမှာ အဲဗာတန်အသင်းက သူ့အထက် အဆင့်ရှစ်က ဝက်စ်ဟမ်းအသင်းကို ပြားကိုးဆယ်အရှုံးထိ ပြန်ပေးထားတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်း ခြေစွမ်း အကျဘက်ရောက်​နေတာဖြစ်ပေမဲ့ ကြားရက်အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့တာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် ဘုတ်အဖွဲ့ဟာ အဲဗာတန်လို အစဉ်အလာကြီးမားတဲ့ အသင်းကို တန်းမဆင်းရဖို့ ပြစ်ဒဏ်လျှော့ပေးခဲ့တာလို့ သုံးသပ်လို့ရပါတယ်။ အဲဗာတန်အသင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရခဲ့တာ ကိုးပွဲဆက် ရှိထားပြီဖြစ်သလို ဒီပွဲပြီးရင် အာဆင်နယ်၊ လီဗာပူးအသင်းတို့လို့ အသင်းကြီးတွေနဲ့ကန်ရမှာ ဖြစ်လို့ အနိုင်ရဖို့ မလွယ်ကူသလို အဲဗာတန်အသင်း နိုင်ပွဲရဖို့အတွက်ဆို အခုအိမ်ကွင်းပွဲက ဖြစ်နိုင်ချေအရှိဆုံး ဖြစ်ပါတယ်။ ကြေးအရလည်း နိုင်ပွဲပြန်ရသင့်သလို ဒီပွဲနိုင်ခဲ့မယ်ဆိုရင် တန်းဆင်းဇုန်ကအသင်းနဲ့ ရှစ်မှတ်အထိ အသာရသွားမှာ ဖြစ်လို့ အဲဗာတန်အသင်း အနိုင်ရဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ အိမ်ရှင်အဲဗာတန်ကို ရွေးချယ်ထားချင်ပါတယ်။

◾ နယူးကာဆယ် Vs ဝုဗ်

သုံးပွဲဆက်ကြေးကျထားသလို အိမ်ကွင်းနိုင်ပွဲ လေးပွဲဆက်ပျောက်နေတဲ့ နယူးကာဆယ်အသင်း ကြေးပြန်အောင်ချိန် တန်ပြီဖြစ်ပါတယ်။ သူ့အထက်ကပ်ရက်က ခြေစွမ်းပြနေတဲ့ ဝုဗ်အသင်းနဲ့ ကန်ရမှာဖြစ်လို့ ဒီပွဲစဉ်မှာ နယူးကာဆယ်အသင်း ကြေးပြန်အောင်ဖို့ အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။ အမှတ်ပေးဇယားအလယ်က ဝုဗ်အသင်း ခြေစွမ်းကောင်းပြသနေတာဖြစ်ပေမဲ့ ကြေးပြန်ကျချိန် တန်ပြီဖြစ်ပါတယ်။ တိုက်စစ်မှုး အီဆတ်ပြန်ပါလာမဲ့ အိမ်ရှင်နယူးကာဆယ်အသင်း သူ့အထက်က ဝုဗ်အသင်းကို နိုင်ပွဲရဖို့ အသည်းအသန်ကြိုးစားလာပါလိမ့်မယ်။ နယူးကာဆယ်အသင်းရဲ့ တစ်လုံး ကိုးဆယ်စား ဘော်ဒီကြေးက ပျော့တယ်ထင်ရပေမဲ့ ဝုဗ်အသင်းက အမှတ်ပေးဇယားမှာ သူ့အထက်က ရပ်တည်ထားတဲ့အသင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းကို ဒီညရဲ့ အကြိုက်ဆုံးအဖြစ် ရွေးချယ်ပေးချင်ပါတယ်။

◾ဖူဟမ် Vs ဘရိုက်တန်

မန်ယူအသင်းကို အဝေးကွင်းမှာနိုင်ပွဲရခဲ့တဲ့ ဖူဟမ်အသင်း ခြေစွမ်းကောင်းပြသနေသလို ဘာဖိအားမှမရှိတဲ့အတွက် လွတ်လွတ်လပ်လပ် ကစားတာ တွေ့ရပါတယ်။ ဘရိုက်တန်အသင်းကတော့ ဒဏ်ရာရ ကစားသမား များနေသလို ကြားရက်မှာ FA ဖလားပွဲကစားခဲ့ရပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး သုံးဆယ်စားဖြစ်ပါတယ်။ ဖူဟမ်အသင်းက အိမ်ကွင်းကစားပုံ တော်တော်ကောင်းတဲ့ အသင်းဖြစ်သလို ခြေစွမ်းကောင်းပြသနေတာဖြစ်တဲ့အတွက် ဘော်ဒီကြေး ဒဲ့အနေအထားမှာ အိမ်ရှင် ဖူဟမ်အသင်းကို ထိုးသားအများစု အကြိုက်တွေ့နေတာ ဖြစ်ပါတယ်။ အဝေးကွင်းသိပ်မကောင်းသလို မီတိုမာနဲ့ ဂျာအိုပတ်ဒရို မပါဝင်နိုင်တဲ့ ဘရိုက်တန်အသင်းရဲ့ ကစားပုံကို သိပ်မကြိုက်ပါဘူး။ ကြားရက်မှာ တစ်ပွဲကစားခဲ့ရတာဖြစ်တဲ့အတွက် ဘရိုက်တန်အသင်းပွဲပန်းမှုဒဏ်ကို အနည်းနဲ့အများ ခံစားရမှာပါ။ အိမ်ရှင် ဖူဟမ်အသင်း ရှုံးသွားမယ်လို့ မထင်သလို အနိမ့်ဆုံး သရေလောက် ကန်နိုင်တာမို့ ဖူဟမ်အသင်း
ကို ကြိုက်ပါတယ်။

◾နော်တင်ဟန်ဖောရက် Vs လီဗာပူး

လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမား ဆယ့်သုံးယောက်ထိ ရှိနေသလို အဓိကကစားသမားတွေပါဝင်နေပါတယ်။ ဒီအခြေအနေမှာတောင် လီဗာပူးရဲ့ ရလဒ်က ကျဆင်းသွားတာမျိုး မတွေ့ရဘဲ နည်းပြကြီးကလော့က ရှိတဲ့လူနဲ့ အဆင်ပြေအောင် လုပ်ပြနိုင်ပါတယ်။ ကြားရက်မှာ နှစ်သင်းလုံး FA ဖလားပွဲ ကစားထားရတာ ဖြစ်ပြီး လီဗာပူးအသင်း လူငယ်ကစားသမားတွေနဲ့ ဂိုးပြတ်အနိုင်ရထားတာ ဖြစ်ပါတယ်။ နော်တင်ဟန်ဖောရက်အသင်းခြေစွမ်းသိပ်မကောင်းပေမဲ့ အိမ်ကွင်းမှာ အသင်းကြီးတွေနဲ့ကစားရရင် ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကစားပုံ မဆိုးပါဘူး။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ကြေးအောင်တာ များနေတဲ့ လီဗာပူးအသင်းကို ထိုးသားအများစု အကြိုက်တွေ့နေချိန်မှာ လီဗာပူး ကြေးပြန်ကျတော့မယ် ထင်ပါတယ်။လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာမဲ့ လီဗာပူးအသင်းကြေးထပ်အောင်ဦးမယ်လို့ မထင်ပါဘူး။ လီဗာပူးနိုင်ခဲ့ရင်တောင် ကပ်နိုင်သွားမယ်လို့ ယူဆထားလို့ အိမ်ရှင် နော်တင်ဟန် ဖောရက်နဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

◾ စပါး Vs ခရစ္စတယ်ပဲလေ့စ်

လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်ဦးမဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဝုဗ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ စပါးအသင်း ကြားရက်မှာ တစ်ပတ်တိတိအနားရထားသလို အခုအိမ်ကွင်းပွဲမှာ နိုင်ပွဲပြန်ရှာနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ပဲလေ့စ်အသင်းကတော့ နည်းပြအပြောင်းအလဲ လုပ်ထားပြီး ပထမဆုံးအိမ်ကွင်းပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရထားတာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်စပါးအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ် အရှုံးဖြစ်ပါတယ်။ နောက်ရာသီ ဥရောပဝင်ခွင့်တစ်နေရာရဖို့ ကြိုးစားနေတဲ့စပါးအသင်း အိမ်ကွင်းပွဲစဉ်တွေမှာ အမှားခံလို့မရပါဘူး။ အဝေးကွင်း ပဲလေ့စ်အသင်းက စပါးအသင်းကို ယှဉ်ကစားလာမှာ မဟုတ်ဘဲ ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ ကစားလာမှာ ဖြစ်ပါတယ်။ အိမ်ရှင်စပါးအသင်း ကပ်ပြီးတော့ အနိုင်ရသွားနိုင်ပေမဲ့ ဂိုးတွေအများကြီး မြင်ရဖို့မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့အတွက် ဂိုးအောက် တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။

◾ လူတန်တောင်း Vs အက်စတွန်ဗီလာ

တန်ဆင်းဇုန်မှာရောက်နေတဲ့ အိမ်ရှင်လူတန်တောင်းအသင်းနဲ့ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဗီလာအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ လူတန်တောင်းအသင်း အိမ်ကွင်းခြေစွမ်းကောင်းသလို သူ့အိမ်ကွင်းမှာ အသင်းကြီးတွေ ဂိုးပြတ်အနိုင်မရခဲ့တာကို သတိထားစေချင်ပါတယ်။ ဒီပွဲစဉ်မှာ အဝေးကွင်းဗီလာအသင်းက တစ်လုံး လေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးဖြစ်ပါတယ်။ အိမ်ကွင်းကောင်းတဲ့ လူတန်တောင်းအသင်းကို အက်စတွန်ဗီလာအသင်းအဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရဖို့ မလွယ်ကူပါဘူး။ အဝေးကွင်းဗီလာအသင်း ထိန်းကစားသွားမယ်လို့ ယူဆထားသလို ဂိုးပေါင်းကြေး မြင့်မားနေတာ ဖြစ်ပေမဲ့ သွင်းဂိုးတွေ အမျာကြီးမြင်ရလိမ့်မယ်လို့ မထင်ပါဘူး။ ဒီပွဲစဉ်မှာ အိမ်ရှင်လူတန်တောင်းအသင်းနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *