October 20, 2024

၂. ၃. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် မတ်လ ၁ရက် ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့၍ ၄ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အင်းစိန်မြို့နယ်၊ စဥ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနှင့် ဗိုလ်ချုပ်ကြေးရုပ်လမ်းထောင့်တွင် ဟွန်ဒါဖစ် အနီရောင်ယာဥ် မီးလောင်မှုဖြစ်ပွား၍ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ 9MM ဗုံးပေါက်ကွဲသည်ဟု ကနဦး သိရပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့ကာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့သည်။

အလားတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ် (၂)ရပ်ကွက်၊ ညောင်တုန်း(၁)ထိပ်မှတ်တိုင်အနီးတွင် မတ်လ ၁ ရက် ည ၇ နာရီခွဲခန့်အချိန်က ပေါက်ကွဲမှုဖြစ်ပွား၍ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ အမျိုးသား ၂ ဦး ဘထ္ထရီစက်ဘီးပေါ်မှ ပေါက်ကွဲမှုဖြစ်သောကြောင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ပေါက်ကွဲမှုဖြစ်စဥ်နေရာမှ တွေ့ရှိရသော အိတ်တစ်လုံးအတွင်းမှလည်း လက်လုပ်ဗုံးတစ်လုံးတွေ့ရှိရ၍ အသွားအလာကန့်သတ်ထားချိန် ထပ်မံပေါက်ကွဲမှုလည်းဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဥ်များတွင် သေဆုံးဒဏ်ရာရသူများမှာ ဗုံးသယ်ယူလာသော PDF များဖြစ်သည်ဟုလည်း ရေးသားနေကြပြီး MT News အနေဖြင့်လည်း သတင်းဖြစ်စဥ်အမှန်ကို တာဝန်ရှိသူများထံ စိစစ်စုံစမ်းနေဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *