October 19, 2024

၂. ၃. ၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် မှူးထိပ်ထားကတော့ “နှလုံးသားရဲ့ အခြားတစ်ဖက်” My Other Half ဇာတ်လမ်းတွဲမှာ အတူနေသူငယ်ချင်း မိန်းကလေးကို ၅၂၈ ထက်ပိုတဲ့ အချစ်နဲ့ နှစ်သက်မြတ်နိုးမိသွားတဲ့ ဟန်နီကိုနေရာက ပါဝင်ထားတယ်လို့ဆိုပါတယ်။

“မှူးက ဒီဇာတ်ကားမှာ အတူနေသူငယ်ချင်း မိန်းကလေးကို ၅၂၈ ထက်ပိုတဲ့ အချစ်နဲ့ နှစ်သက်မြတ်နိုးမိသွားတဲ့ ဟန်နီကိုနေရာက ပါဝင်ထားပါတယ်။ Bisexual LGBT ဆိုတာ ပုံမှန်ကြည့်ရင် မခက်ခဲဘူး ထင်ပေမယ့် တကယ့်တမ်း သူတို့ နေရာမှာ သရုပ်ဆောင်ဖိုက ကာရိုက်တာ မမိမှာဆိုးတယ်။ ရိုးရိုးသာမာန် ကာရိုက်တာထက် ဒီကာရိုက်တာကို ပိုသတိထားရတယ်။ LGBT ကာရိုက်တာလည်း ဖြစ်တော့ အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ထုတ်လွှင့်ချိန်မှာလည်း အားပေးကြပါဦး”လို့ သရုပ် ဆောင် မှူးထိပ်ထားက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဇာတ်ညွှန်း လုံမက ရေးသားပြီး ဒါရိုက်တာ စမ်းဝတီကနေ မိဘတွေရဲ့ဆန္ဒကို လိုက်လျောခဲ့ရသူနဲ့ ကိုယ်ချစ်တဲ့သူပျော်ရွှင်စေဖို့ အရာရာမှာ နောက်ဆုတ်ပေးခဲ့ရသူတို့နှစ်ယောက် တွေ့ဆုံကြတဲ့ အခက်အခဲတွေကို ထပ်ဟပ်အောင် ပုံဖော်ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲကို သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန် ၊ ဘုန်းမင်းနေလ ၊ မှူးထိပ်ထား ၊ ဟေလရီစိုး ၊ သြဂတ်စ်မိုး၊ မိုးခမ်း၊ ခင်မို့မို့အေး ၊ စတဲ့သူတွေနဲ့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။.

“နှလုံးသားရဲ့အခြားတစ်ဖက်” ဇာတ်လမ်းတွဲကို လာမယ့် မတ်လ ၉ ရက် ည ၇ နာရီမှာ အပတ်စဥ် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ M Entertainment ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *