၁. ၃. ၂၀၂၄
Written by Hey Mar
ကုမ္ပဏီအထပ်သားစက်ရုံအလုပ်သမားတစ်ဦး ထိုးသွင်းဒဏ်ရာနဲ့ ရာဘာခြံအတွင်းသေဆုံးနေတာကို ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သက်ဆိုင်ရာက သိရပါတယ်။
ဖြစ်စဥ်က မွန်ပြည်နယ် ရေးမြို့နယ်ရှိ Yangon Huanyue ကုမ္ပဏီအထပ်သားစက်ရုံ အလုပ်သမားတစ်ဦးဖြစ်တဲ့စက်မောင်းလုပ်ကိုင်သူ အလုပ်သမား ကိုလှမင်း(ခ) ကိုမင်းဟာ အလုပ်သိမ်းပြီး ဝန်ထမ်းတွေပြန်ချိန် ပျောက်ဆုံးနေတာကြောင့် စက်ရုံပတ်ဝန်းကျင်နေရာတွေကို ဝိုင်းဝန်းရှာဖွေခဲ့ကြရာ စက်ရုံနဲ့ ကိုက်(၅၀၀)ခန့်အကွာ ပေါ့ထော်ကျေးရွာသွား ကားလမ်းဘေးရှ်ိ ရာဘာခြံအတွင်းမှာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်ကို အကြောင်းကြားချက်အရ အခင်းဖြစ်နေရာဆီ နယ်မြေခံရဲတပ်ဖွဲ့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သေဆုံးသူရုပ်အလောင်းကို ပြည်သူဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကာ ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်မှာ အရေးယူပေးဖို့ တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူကို ရေးမြို့မရဲစခန်း(ပ)၁၃/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှ်ိတယ်လို့ သိရပါတယ်။