October 30, 2024

ထိုင်းနိုင်ငံ ပတ်ဟိုင်းခရိုင်အတွင်းဒီဇင်ဘာ ၆ ရက်နံနက်က တိမ်းမှောက်ခဲ့သော မြန်မာနိုင်ငံသားများပါသည့်ကားအနီးသို့ ဒေသခံများ စုရုံးရောက်ရှိလာစဥ်

၆. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ပတ်ဟိုင်းခရိုင်အတွင်း ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ပစ်ကပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၀ ဦးနှင့် ထိုင်းနိုင်ငံသား သက်ကြီးရွယ်အိုနှစ်ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ယာဉ်မတော်တဆမှုမှာ ပတ်ဟိုင်းမှ ဆီနာမြို့အသွားလမ်းပေါ်တွင် နံနက် ၆ နာရီခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရှိန်ဖြင့် မောင်းလာသော ပစ်ကပ်ကားက လမ်းကွေ့တစ်ခုအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။

ထို့နောက် ပစ်ကပ်ကားက လမ်းဘေးတွင် သံဃာတော်များကိုဆွမ်းလောင်းရန် စောင့်ဆိုင်းနေသော လူအုပ်အတွင်းသို့ ဝင်ရောက်သွားခဲ့ရာ လူအုပ်အတွင်းမှ ထိုင်းသက်ကြီးရွယ်အိုနှစ်ဦး ဒဏ်ရာရခဲ့သည်။

ကားပေါ်တွင် ကလေးများအပါအဝင် တရားမဝင်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၂၄ ဦးလိုက်ပါလာရာ ၎င်းတို့အနက် ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ဒဏ်ရာရသူများကို ပတ်ဟိုင်းခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

တရားမဝင်ဝင်ရောက်လာသူများအနက် အခြားသူများကိုလည်း ပတ်ဟိုင်းရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။ ၎င်းတို့က တက်ခ်ပြည်နယ်အတွင်းမှနေ၍ နှစ်နိုင်ငံနယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာခဲ့ကြကာ ဘန်ကောက်မြို့သို့ ဦးတည်သွားနေစဉ် ယခုကဲ့သို့ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဟု ဝန်ခံခဲ့ကြကြောင်းလည်း သိရသည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *