October 20, 2024

၂၇. ၂. ၂၀၂၄
Written by KL

နောင်ချိုမြို့နယ်၊ နောင်ချို- ရပ်စောက်လမ်းမကြီး ဒုဌ၀တီအဆင်းလမ်း ၄ ထပ်ကွေ့တွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မော်တော်ကားတစ်စီး ချောက်ထဲကျရာမှ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်တွင် ခရီးသည်များ တင်ဆောင်လာသော Toyota Wish အမျိုးအစား မော်တော်ယာဥ်မှာ ဘရိတ်ပေါက်၍ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးအနက် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)နှင့်အတူ တံတားမှတာ၀န်ရှိသူတို့က နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြင်းထန်ဒဏ်ရာရရှိသူ ၄ ဦးကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)၊ ဖြူစင်မေတ္တာ အသင်း နောင်ချိုတို့မှ ပြင်ဦးလွင်သို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ပြင်ဦးလွင် သန္တိသုခအသင်းမှ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်စဥ် လမ်းခုလတ်၌ ဒဏ်ရာရလူနာ အမျိုးသားတစ်ဦးမှာ ထပ်မံကွယ်လွန်သွားကြောင်း စုံစမ်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *