October 19, 2024

၂၇. ၂. ၂၀၂၄
Written By Thandar

“ရေသေအိုင်”ဇာတ်လမ်းတွဲက အဖွဲ့သားတွေစုပေါင်းအလှူမှာတော့ လူဦးရေ ၁၀၀၀ စာ နေ့လယ်စာအလှူကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁ ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီနေ့ကတော့ ကျွန်တော်တို့ Hey Play က ဦးဆောင်ပြီးတော့ ရေသေအိုင်ပါတဲ့ အဖွဲ့သားတွေ စုစုစည်းစည်းနဲ့ အားတဲ့သူတွေရသလောက်နဲ့ အလှူပွဲလေးလုပ်ဖြစ်တာပါ။ အဓိက ကျွန်တော်တို့ လေးယောက်ရယ် ရွှေသမီးတို့ ရော လာကြပြီးတော့ အလှူလေးလုပ်ဖြစ်တာပါ။ တကယ်လိုအပ်နေတဲ့ နေရာလေးမှာ လှူရတာမို့ လှူရကျိုးနပ်တာပေါ့။ အားလုံးက စည်းကမ်းရှိရှိ တန်းစီယူကြတယ်။ ပျော်စရာလည်း ကောင်းပါတယ်။ ဝမ်းသာပီတိလည်း ဖြစ်ရပါတယ် ” လို့ အကယ်ဒမီ ထွန်းထွန်းက ပြောပါတယ်။

ဒီနေ့အလှူအတွက် “ရေသေအိုင်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အကယ်ဒမီ ထွန်းထွန်း ၊ အကယ်ဒမီ နေဝင်း ၊ ညိမ်းသော် ၊ ရဲရင့်အောင် ၊ ဆုပန်ထွာ ၊ ရွှေသမီး စတဲ့သူတွေက ပေါ်ဆန်းမွှေး ထမင်း ၊ ကြက်သားဟင်း ၊ အစိမ်းကြော် ၊ ငပိကြော် နဲ့ အခြား စတဲ့အရံဟင်းတွေကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *