October 20, 2024

၂၇. ၂. ၂၀၂၄
Written by Pan Ei

ဂျပန်နိုင်ငံမှာ မွေးကင်းစကလေးငယ်အရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာ ရှစ်နှစ်ဆက်တိုက် စံချိန်တင်နိမ့်ပါးသွားခဲ့ကြောင်း ဒီနေ့ အစိုးရက ထုတ်ပြန်ခဲ့တဲ့ ပဏာမအချက်အလက်တွေက ပြသခဲ့ပြီး လူဦးရေ တိုးပွားလာမှုကို ကြိုးပမ်းရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ နိုင်ငံ့အတွက် ရင်လေးစရာတာဝန်ကို မီးမောင်းထိုးပြနေပါတယ်။

မွေးဖွားမှုအရေအတွက်ဟာ အစောပိုင်းနှစ်ကထက် ၅ ဒသမ ၁ ရာခိုင်နှုန်း ထပ်မံ ကျဆင်းခဲ့ခြင်းဖြစ်ကာ ၂၀၂၃ တစ်နှစ်လုံးမှာ ကလေးမွေးဖွားမှုပေါင်း ၇၅၈,၆၃၁ ကြိမ်သာ ရှိခဲ့တာပါ။ ဒါ့အပြင် အိမ်ထောင်ပြုမှုအရေအတွက်မှာလည်း ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး လက်ထပ်မှုပေါင်း ၄၈၉,၂၈၁ ကြိမ်သာ ရှိခဲ့သလို နှစ် ၉၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၅ သိန်း အောက်ကို ကျဆင်းသွားတာလည်းဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဂျပန်မှာ လက်မထပ်ဘဲ ကလေးမွေးဖွားတာက ရှားပါးတာကြောင့် လူဦးရေမှာ နောက်ထပ် ကျဆင်းနိုင်တဲ့ အလားအလာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပေမဲ့ လူနေမှုစရိတ်တွေကြီးမြင့်ကာ လစာတိုးနှုန်းမှာ နှေးကွေးနေပြီး ဂျပန်လူမျိုး ၄၀ ရာခိုင်နှုန်းက အချိန်ပိုင်းနဲ့ စာချုပ်ဝန်ထမ်းတွေဖြစ်ကြပါတယ်။ အစိုးရဟာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ လူနည်းစုတွေအတွက် လူ့အဖွဲ့အစည်းထဲ ပိုမိုပါဝင်နိုင်စေဖို့အတွက် ပျက်ကွက်မှုတွေရှိတယ်လို့လည်း ဝေဖန်သူတွေက ဆိုပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *