October 19, 2024

၂၇. ၂. ၂၀၂၄
Written By Thandar

အောင်စေ ထုတ်လုပ်ရေးက ဒုတိယခြေလှမ်းဖြစ်တဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ ” တယုတယခြွေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံဘုရားမှာ ကျင်းပခဲ့ပါတယ်။

” ဒီဇာတ်ကားက ဇင်ရဲ့ ထုတ်လုပ်ရေးက ဒုတိယမြောက် ဇာတ်ကားပါ။ ခပ်မိုက်မိုက် လူဆိုး လူမိုက်အထာလေး ကိုရွှေထူးကို တွေ့ရမှာပါ။ ကိုရွှေထူးက အရပ်ရှည်ရှည် အသားအရောင် သူ့အိုက်တင်ပိုင်းတွေက အဲ့ဒီလိုကာရိုက်တာနဲ့မိုက်မယ် ထင်လို့ ဇင်ကရွေးချယ်လိုက်တာပါ။ ဒီအချစ်ကားလေးကို ဇင်ကစီစဉ်ဖြစ်တာပါ။ ဒါပြင့် သူရဲ့ ချစ်စရာကောင်းတဲ့ Role လေးတွေလည်း မြင်ရမှာပေါ့နော်။ ကိုယ့်ထုတ်လုပ်ရေးဖြစ်ပေမယ့် ကိုယ်တိုင်ပါဝင်မထားပါဘူး။ ကိုယ့်ထုတ်လုပ်ရေးက ကား ကိုယ်တိုင်ပါဝင်ရရင် ပိုပင်ပန်းတယ်လို့ ခံစားရလို့လေ။ အဲ့ဒါကြောင့် သူများငှားမှပဲ ဇင်ပါဝင်ရိုက်ကူးတော့မယ်လို့ တွေးထားတယ်” လို့ ထုတ်လုပ်သူ သရုပ်ဆောင် ခင်သဇင်က ‌MT Entertainment ကို ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း ဒီဒီထက်အောင်က ရေးသားပြီး ဒါရိုက်တာ စိုးမိုးမင်းက အချစ်ဒရာမာ ဇာတ်လမ်းပုံစံကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ရန်ကုန်မြို့မှာ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

သရုပ်ဆောင် အနေနဲ့ ရွှေထူး ၊ အိချောပို ၊ ညီနန္ဒ ၊ ခိုင်နှင်းဝေ ၊ မင်းအာကာ ၊ ရွှေပိုးအိမ် ၊ ထူးသာ ၊ ရဲမွန် ဧည့်သည်သရုပ်ဆောင် မေသန်းနု စတဲ့သူတွေ ပါဝင်ကြမှာဖြစ်ပါတယ်။

ခင်သဇင်ကတော့ အောင်စေထုတ်လုပ်ရေးအမည်နဲ့ “လိပ်ပြာအံဝှက်” ရုပ်ရှင်ဇာတ်ကားကို ပွဲဦးထွက်အနေနဲ့ မကြာခင်က ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *