October 20, 2024

၂၇. ၂. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံမှာ စားသောက်ဆိုင် အလုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ အကြွေးကိစ္စကြောင့် တစ်နိုင်ငံတည်းသားဖြစ်တဲ့ အခြား မြန်မာလုပ်သားတစ်ဦးကို သတ်ဖြတ်မှုနဲ့ မနေ့က ကွာလာလမ်ပူတရားရုံးမှာ တရားစွဲဆိုခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ် အရွယ် ဟာဆန်းလို့ အမည်ရတဲ့ အမျိုးသားဟာ ကီပုန်းမြို့ ဘန်ဒါမန်ဂျာလာရာ လူနေရပ်ကွက်က ဘတ်စကက်ဘောကွင်းမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညသန်းခေါင်နဲ့ နံနက် ၄ နာရီကြားအတွင်း မြန်မာနိုင်ငံသားဖြစ်တဲ့ ကျော်ကျော်ကို အကြွေးကိစ္စကြောင့် သတ်ဖြတ်ခဲ့မှုနဲ့ လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ တရားစွဲခံထားရတာပါ။

လူသတ်မှုဖြစ်စဉ်တွေဟာ တရားရုံးချုပ်ရဲ့စီရင်ပိုင်ခွင့်အောက်မှာ ကျရောက်တာကြောင့် စွပ်စွဲခံရသူဆီက အသနားခံစာကို မှတ်တမ်းတင်နိုင်ခဲ့တာမျိုးမရှိဘဲ အဆိုပါအမှုအတွက် နောက်ထပ်ရက်ချိန်းကို တရားရုံးက လာမဲ့ မေလ ၂၈ လို့ ရက်ချိန်းဆိုခဲ့ပါတယ်။

တစ်နိုင်ငံတည်းသားကို သတ်ဖြတ်မှုနဲ့ ဟာဆန်း တရားစွဲဆိုခံထားရတဲ့ ပုဒ်မဟာ သေဒဏ် ဒါမှမဟုတ် အနည်းဆုံး ထောင်ဒဏ် နှစ် ၃၀ နဲ့ အများဆုံး ထောင်ဒဏ် နှစ် ၄၀၊ ဒါမှမဟုတ်ရင် သေဒဏ်မချမှတ်ပါက ပြစ်မှုထင်ရှားရင် ကြိမ်ဒဏ် ၁၂ ချက်ထက်မနည်း ကျခံစေရနိုင်တာလည်း ဖြစ်ပါတယ်။

Ref; Malaymail

Leave a Reply

Your email address will not be published. Required fields are marked *