၂၇. ၂. ၂၀၂၄
Written by Min Mahar
မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDFများ ထိတွေ့ပစ်ခတ်မှုဖြစ်ကာ ယင်း PDF အလောင်း ၁ လောင်း၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၁ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာအတွင်း PDF များ ခိုအောင်းလှုပ်ရှားနေကြောင်း ဒေသခံပြည်သူများ သတင်းပေးပို့ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြကြောင်း သိရသည်။
ထိုထိတွေ့ပစ်ခတ်မှုတိုက်ပွဲမှ PDF အလောင်း ၁ လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် (အရှည်) ၃ လက်၊ ၆၀ မမ ဗုံးသီး ၉ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ ၅.၅၆ မမကျည် ၅ တောင့်၊ ၇.၆၂ မမကျည် ၅ တောင့်၊ ယမ်းထုပ်(၁ပိဿာ) ၁ ထုပ်၊ အိုင်ကွန် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း(PDF တံဆိပ်ပါ) ၇ စုံ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ပြောက်ကျားဘောင်းဘီ ၄ ထည်၊ ကျည်ကာဦးထုပ်(အနက်) ၈ လုံး၊ ကျည်ကာအင်္ကျီ(အနက်) ၁၀ ထည်၊ ကီးပတ်ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည်အိမ် ၁ ခု၊ စူပါကာစတန်အမျိုးအစား(YGN-4B-3359) ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၄ စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။