၂၆. ၂. ၂၀၂၄
Written by Hey Mar
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ Prado အမျိုးအစား ခဲပြာရောင်ယာဥ်တစ်စီး ရှေ့ ညာဘက်ဘီးပေါက်ပြီး တံတားဘောင်နဲ့ တိုက်မိတိမ်းမှောက်ကာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဥ်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၇၆/၂)နဲ့ (၂၇၆/၃)ကြားမှာ ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးအနက် အနက် တစ်ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)ရရှိခဲ့ကာ ကျန်နှစ်ဦးမှာ ဖူးယောင် သွေးထွက် မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်သာရရှိခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကို ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်ခဲ့ကြပြီး အဆိုပါဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူတွေကို အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ မိတ္ထီလာဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။