October 30, 2024

၆. ၁၂. ၂၀၂၂

Written by Ye Kyaw

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကြားကာလခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ ကျပ်ဘီလျံ ၃၀၀၀ ကျော်ရရှိခဲ့ပြီး ယင်းအနက် ဝင်ငွေအခွန်ကောက်ခံရရှိမှု ၅၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်အတွင်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ စသည်တို့အပြင် အခြားသောအခွန်အရပ်ရပ်ကောက်ခံရရှိမှုမှ ကျပ် ၃၀၆၉ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခွန်အရပ်ရပ်ကောက်ခံရရှိမှုများအနက် ဝင်ငွေခွန်တစ်ခုတည်းမှ ကောက်ခံရရှိမှုသည် ကျပ် ၁၄၂၄ ဒသမ ၆ ဘီလျံအထိရှိပြီး စုစုပေါင်းကောက်ခံရရှိငွေ၏ ၄၆ ရာခိုင်နှုန်းအထိ ရှိသည်။

ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှုသည် ကျပ် ၉၉၈ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၃၃ ရာခိုင်နှုန်းရှိကာ အထူးကုန်စည်ခွန် ကောက်ခံရရှိမှုသည် ကျပ် ၅၇၅ ဘီလျံနီးပါးရှိပြီး စုစုပေါင်းပမာဏ၏ ၁၉ ရာခိုင်နှုန်းရှိသည်။

သို့သော် လက်ရှိတွင် အခွန်ရရှိမှုကျဆင်းနေသဖြင့် အခွန်ရှောင်တိမ်းမှု (Tax Evasion) ကို ကျူးလွန်သူများသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *