October 21, 2024

၂၆. ၂. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံက လဟာပြင်ဈေးတစ်ခုမှာ တောင်းစားနေတဲ့ သူတောင်းစားတစ်ဦးဟာ ဇိမ်ခံ SUV ကားတစ်စီးရဲ့ ပိုင်ရှင်အဖြစ် အံ့အားသင့်စွာ ရှာဖွေတွေ့ရှိခဲ့ပြီး သူဟာ နာရီအနည်းငယ်သာ တောင်းစားရုံနဲ့ သူ့ကို ပိုက်ဆံပေးသူတွေထက် ဝင်ငွေပိုမိုရရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ မကြာသေးမီရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံ၊ ပါဟန်မြို့ မာရန်ခရိုင်က သီရိဂျာယာညဈေးမှာ တောင်းရမ်းစားသောက်မှု ပပျောက်ရေးအတွက် ပါဟန်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူတွေက စစ်ဆေးမှုတွေ ပြုလုပ်နေချိန် ထိတ်လန့်အံအားသင့်ဖွယ်ရာ တွေ့ရှိချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အဲ့ဒါကတော့ မီးခိုးရောင်ဝတ်ရုံနဲ့ မွတ်ဆလင်ဦးထုပ် ဝတ်ဆင်ထားတဲ့ အမျိုးသားကို တွေ့ရှိခဲ့တာပါ။

သာမန်လူသားတွေနဲ့မတူဘဲ သေးငယ်နေပုံရတဲ့ လက်နှစ်ဖက်ရှိတဲ့ သူဟာ စက္ကူအိတ်ကို ကိုင်ထားပြီး လမ်းသွားလမ်းလာတွေဆီက စာနာမှုတောင်းခံနေခြင်းဖြစ်ကာ အဆိုပါ အိတ်ထဲမှာလည်း ပိုက်ဆံတွေပါရှိတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် အရာရှိတွေက အဲ့ဒီလူကို မေးခွန်းတွေ မေးမြန်းခဲ့ပေမဲ့ အဖြေမပေးခဲ့တာကြောင့် သူဟာ နားမကြား၊ ဆွံ့အသူဖြစ်နိုင်တယ်လို့ အရာရှိတွေက ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ အရာရှိတွေက သူ့ကို သက်သေခံကတ်ပြား ထုတ်ပေးဖို့ ပြောဆိုတာတွေနဲ့ မေးမြန်းမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ရာမှာတော့ စာရွက်စာတမ်းတွေကို ကားထဲမှာ ထားခဲ့ကြောင်း အဆိုပါ အမျိုးသားရဲ့ပြောဆိုသံကို ကြားလိုက်ရတဲ့အခါမှာတော့ အံ့သြသွားခဲ့ကြရပါတယ်။

အဲ့ဒီနောက် အဆိုပါ တောင်းစားနေတဲ့ အမျိုးသားရဲ့ ယာဉ်ဆီကိုရောက်ရှိချိန်မှာတော့ သူ့ရဲ့ကားဟာ ပရီမီယံ Proton X70 SUV အမျိုးအစားဖြစ်ပြီး ဈေးနှုန်းမှာ မလေးရှားရင်းဂစ်ငွေ ၁၂၃,၈၀၀ မှ ၁၂၈,၈၀၀ (မြန်မာငွေ ကျပ် သိန်း ၈၀၀ နဲ့ သိန်း ၉၀၀ ကြား ဝန်းကျင်) ရှိတယ်လို့လည်း သိလိုက်ရတာကြောင့် ဒုတိယ အံ့အားသင့်ဖွယ်ဖြစ်နေခဲ့ပါတယ်။

အဲ့ဒီ အမည်မဖော်လိုသူ သူတောင်းစားအမျိုးသားဟာ ညဈေးမှာ လေးနာရီကနေ ငါးနာရီအတွင်း တောင်းစားရုံနဲ့ ရင်းဂစ်ငွေ ၅၀၀ ( မြန်မာငွေ ၃ သိန်းဝန်းကျင်) အထိ ရရှိနိုင်တယ်လို့လည်း လူမှုဝန်ထမ်း အရာရှိတွေကို ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

အိမ်နီးချင်း အရှေ့ဘက်ကမ်းရိုးတန်းပြည်နယ် ကယ်လယ်တန်မှာ နေထိုင်တဲ့ အဆိုပါအမျိုးသားဟာ သူ့ရဲ့ မသန်စွမ်းမှုအတွက် လူမှုဖူလုံရေးဌာနဆီက လစဉ်ထောက်ပံ့ကြေး ရင်းဂစ်ငွေ ၄၅၀ ကိုလည်း ၂၀၀၁ ခုနှစ်ကတည်းက လက်ခံရရှိခဲ့တာပါ။

လူမှုဖူလုံရေး အရာရှိတွေက အဆိုပါ အမျိုးသားကို ပြင်းပြင်းထန်ထန် အရေးယူခြင်း မပြုခဲ့ဘဲ မီရန်ခရိုင်မှာ “ဒါက သူ့ရဲ့ ပထမဆုံး ကျူးလွန်မှု” ဖြစ်တဲ့အတွက် သူ့ကို နှုတ်နဲ့သာ သတိပေးခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *