October 20, 2024

၂၆. ၂. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်း၌ လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ်သည့် အလုပ်ရုံသို့ရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

လျှပ်စစ်မော်တော်ယာဉ်များနှင့်ပတ်သက်၍ မူဝါဒများရေးဆွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန်၊ ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ (Corporate Social Responsibility – CSR) ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံးမော်တော်ယာဉ်များအတွက် Charging Station နှင့် ရွှေ့လျား Charger တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြားခဲ့သည်။

ပြည်တွင်း၌ လျှပ်စစ်ကားသုံးစွဲမှု ပိုမိုတိုးတက်စေရေးအတွက် နိုင်ငံ၏ အသက်သွေးကြော လမ်းမကြီးများအားလုံးတွင် EV Charging Station များ တည်ဆောက်ရန် ကြိုတင်လေ့လာမှုများ၊ တည်ဆောက်ထားမှုများကို ဆောင်ရွက်လျက်ရှိသလို ဆက်လက်၍လည်း တည်ဆောက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *