October 20, 2024

၂၆. ၂ .၂၀၂၄
Written by Hey Mar

ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းက မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ ပြည်တော်သာလမ်းရှိ ခရီးသည်တင်အဝေးပြေးယာဥ်နားစခန်းအတွင်းမှာ အမျိုးသားတစ်ဦး သေဆုံးနေတဲ့ ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က အဆိုပါ ယာဥ်ရပ်နားကွင်းရဲ့ ခရီးသည်နားနေဆောင်ပေါ်မှာ ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦးက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဖုန်းဆက်အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေက စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး မြေပြင်လူမှုကူညီရေးအသင်းထံ ရုပ်အလောင်း သယ်ဆောင်ပေးဖို့ စီစဥ်ညွှန်ကြားလာတယ်လို့ သိရပါတယ်။

မြေပြင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက”သေဆုံးသူက အသက် ၄၀ ဝန်းကျင်လောက် သက်လတ်ပိုင်းလို့ ခန့်မှန်းရပါတယ်။ ပိုင်ရှင်မဲ့ပါ။ နေရပ် အမည် ဘာအမှတ်အသားမှ မတွေ့သေးပါဘူး။ အလောင်းအခြေအနေကြည့်ရတာ ညကတည်းက သေဆုံးတယ်လို့ ခန့်မှန်းရပါတယ်”လို့ MT News ကို ပြောပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေ လိုအပ်တဲ့ စစ်ဆေးချက်တွေ ရယူနိုင်ဖို့ အတွက် ရုပ်အလောင်းကို မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရင်ခွဲရုံဆီ မြေပြင် လူမှုကူညီရေးအသင်းယာဥ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *