October 20, 2024

၂၆. ၂. ၂၀၂၄
Written by Pan Ei

ဖုန်းတွေ ရေစို၊ ရေဝင်တဲ့အခါ ဖုန်းတွေကို ဆန်အိတ်တွေထဲ မထည့်ဖို့ Apple ကုမ္ပဏီက သုံးစွဲသူတွေကို သတိပေးခဲ့ပါတယ်။

အစိုဓာတ်ကို စုပ်ယူဖို့အတွက် ဆန်အိတ်တွေထဲ အီလက်ထရွန်းနစ်ပစ္စည်းတွေ ထားရှိခြင်းဟာ လူတွေအကြား သာမန်အလေ့အထတစ်ခုလိုဖြစ်နေပြီး အဲ့ဒါကိုရှောင်ရှားဖို့ Apple ကုမ္ပဏီက သုံးစွဲသူတွေကို အထူးသတိပေးဖို့ သူတို့ရဲ့ လမ်းညွှန်ချက် စာမျက်နှာတွေမှာ ထပ်မံဖြည့်စွက် ဖော်ပြခဲ့တာပါ။

“မင်းရဲ့ iPhone ကို ဆန်အိတ်ထဲ မထည့်ပါနဲ့။ ဒီလိုလုပ်ရင် မင်းရဲ့ iPhone ကို ပျက်စီးစေနိုင်တဲ့ ဆန်မှုန်လေးတွေ ပါသွားနိုင်တယ်” လို့ အဆိုပါ စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် Apple က စက်ပစ္စည်းတွေကို ခြောက်သွေ့စေဖို့ လေဖိသိပ်ထည့်ထားတဲ့ဗူးတွေ ဒါမှမဟုတ် ပြင်ပ အပူရင်းမြစ်တွေ အသုံးမပြုဖို့လည်း သတိပေးထားပါတယ်။

စိုစွတ်နေတဲ့ iPhone တွေကို အခြောက်ခံပြီး အစိုဓာတ်အားလုံး အငွေ့ပျံသွားတဲ့အထိ သဘာဝအတိုင်း ခြောက်သွေ့အောင် ထားသင့်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့သလို ဖုန်းတွေ လုံးဝခြောက်သွေ့သွားတဲ့အထိ အားသွင်းကြိုးနဲ့ အားမသွင်းသင့်ဘဲ ကြိုးမဲ့အားသွင်းခြင်းကတော့ ဘေးကင်းပါတယ်လို့ပါ ဖော်ပြခဲ့ပါတယ်။

ထိုနည်းတူစွာပဲ Samsung ဩစတြေးလျရဲ့ ပြောရေးဆိုခွင့်ရှိသူ Nathan Rigger ကလည်း “ရေဝင်နေတဲ့ ဖုန်းတွေကို ဆန်တွေထဲ မထည့်ဖို့ အကြံပြုလိုပါတယ်” လို့ Samsung ဖုန်းပိုင်ရှင်တွေအတွက် အလားတူ အကြံဉာဏ်ပေးခဲ့ပါတယ်။

Ref; UPI News

Leave a Reply

Your email address will not be published. Required fields are marked *