October 19, 2024

၂၆.၂. ၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ အကယ်ဒမီမင်းသမီး ခိုင်သင်းကြည်ကတော့ ကွယ်လွန်သူ ဖခင်ကြီး ၂ လပြည့်အတွက် ရည်စူးပြီးတော့ ကမ္ဘာအေးစေတီတော်မြတ်ကြီး ၇၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန် စိမ်း‌လောင်းလှူပွဲမှာ မီးစင်္ကြာ နဲ့ လှူဖွယ်အစုစုကို လှူဒါန်းခဲ့ပါတယ်။

“ကွန်လွန်သူ ကျေးဇူးရှင်ဖခင်ကြီး ၂ လပြည့်အလှူအနေနဲ့ မြတ်စွာဘုရားအား ရောင်ခြည်တော်မီးစင်္ကြာလှူပါတယ်” လို့ မင်းသမီးခိုင်သင်းကြည်က ပြောပါတယ်။

သူမကတော့ ကမ္ဘာအေးစေတီတော်မြတ်ကြီး ၇၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ သံဃာတော် တစ်ပါးကို ဝတ္ထုတော် ကျပ်ငွေ ၁ သောင်း ၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စာအုပ်၊ ဘောပင်တို့ကို ကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်။

ခိုင်သင်းကြည်ကတော့ အလှူအတန်းမှာလက်မနှေးသလို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ ကွယ်လွန်ခဲ့တဲ့ ဖခင်ဦး‌မောင်မောင်အတွက် ရည်စူးပြီး မကြာခဏဆိုသလို ကောင်းမှုကုသိုလ်တွေ များစွာလုပ်ဆောင်ပေးနေသူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *