၂၆. ၂. ၂၀၂၄
Written by MMAK
ဒီကရာဘောင်ဖလားဗိုလ်လုပွဲစဉ်မှာ အဓိကအားသာချက်က နည်းပြကလော့ရဲ့ လီဗာပူးအသင်းကို ဦးဆောင်နိုင်မှု၊ ကစားသမားတွေရဲ့ ယုံကြည်မှုက အဓိက အဖြေပေးခဲ့တာပါ။ နှစ်သင်းလုံး First Line Up လူစုံ ထည့်ကစားခဲ့ကြသလို လီဗာပူးလ်နည်းပြ ကလော့က ဒီဖိုင်နယ်ပွဲအတွက် လူငယ်ကစားသမား ငါးယောက်လောက်ထိ အရံလူစာရင်းထည့်ခဲ့ပြီး ပွဲချိန်အတွင်းမှာလည်း ထည့်သွင်း အသုံးပြသွားခဲ့တာ တွေ့ရပါတယ်။
ပထမပိုင်းပွဲချိန်တွေမှာ လီဗာပူးအသင်းက တိုက်စစ်ဆင် ဖိအေးပေးကစားခဲ့သလို ချဲလ်ဆီးအသင်းကလည်း တန်ပြန်တိုက်စစ်နဲ့ ဂိုးရဖို့ ပြန်လည်ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား ပီထရိုဗစ် ဂိုးပေါက်ကန်သွင်းချက် သုံးကြိမ်လောက်ထိ ကာကွယ်နိုင်ခဲ့သလို ကိုးလ်ပါးမားရဲ့ အနီးကပ် ဂိုးပေါက်ကန်ချက်ကိုလည်း လီဗာပူးအသင်း ဂိုးသမား ကယ်လာဟာ ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ချဲလ်ဆီးအသင်း တန်ပြန်တိုက်စစ်ကနေ ဂိုးရခဲ့ပေမဲ့ VAR က အငြင်းပွားစရာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သလို ချဲလ်ဆီးကစားသမား ကိုင်စီဒိုရဲ့ ဂရက်ဘတ် အပေါ်ပြစ်ဒဏ်ဘော ကျူးလွန်မှုမှာလည်း VAR ပြန်မကြည့်ခဲ့တာကြောင့် အနီကတ် အပြမခံခဲ့ရတဲ့အတွက် ချဲလ်ဆီးလ် သက်သာရာ ရခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပေမဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်စစ်ဆင်ကစားခဲ့ပြီး ဖျော်ဖြေမှူ အပြည့်အဝ ပေးခဲ့တာကြောင့် ဒုတိယပိုင်းပွဲချိန်တွေဟာ ဆက်လက်စောင့်ကြည့်ဖို့ အချိန်မစောင့်နိုင်ဖြစ်ရပါတယ်။
ဒုတိယပိုင်း မိနစ်ခြောက်ဆယ်ကျော်မှာ လီဗာပူးလ်အသင်း ခံစစ်မှူး ဗန်ဒိုက်က Set-piece ကနေ ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပေမဲ့ VAR က လူကျွံဘောအဖြစ်သတ်မှတ်ပေးခဲ့သလို တိုက်စစ်မှု ဂတ်ပိုရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့တဲ့အတွက် လီဗာပူး ဦးဆောင်ဂိုးရမဲ့ အခြေအနေကနေ လက်လွှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ လီဗာပူးအသင်း လူငယ်ကစားသမားတွေကို ထည့်ပြီး ပွဲကိုပြန်ထိန်းခဲ့တဲ့အတွက် ချဲဆီးလ်အသင်းက တိုက်စစ်ဆင်ခွင့် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ကော်နာဂါလက်ချာရဲ့ ပိတ်သွင်းချက် တိုင်ထိထွက်ခဲ့သလို ဂိုးသမားနဲ့ တစ်ယောက်ချင်း ကန်ခွင့်ရခဲ့ချိန်မှာလည်း ဂိုးမရခဲ့တာကြောင့် ချဲလ်ဆီးအသင်း နစ်နာခဲ့ရသလို တစ်ပွဲလုံး ရရှိခဲ့တဲ့ အပိုင်အခွင့်အရေးတွေကို ချဲလ်ဆီး ကစားသမားတွေ
ဖြုန်းတီးနေခဲ့တာကြောင့် ဖလားရဖို့ အခွင့်အရေးနဲ့ ဝေးကွာစေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းက လူငယ်ကစားသမားကို ထည့်ပြီး ပွဲကိုထိန်းနေချိန်မှာ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုနဲ့ ကစားသမားတွေ အနိုင်ဂိုးရအောင် မသွင်းနိုင်ခဲ့သလို နည်းပြရဲ့အရည်အသွေးနဲ့ ချဲလ်ဆီးကစားသမားတွေရဲ့ အရည်အသွေးက တကယ်ကို မေးခွန်းထုတ်စရာ ကောင်းခဲ့ပါတယ်။
ဒုတိယပိုင်း မိနစ်ကိုးဆယ်အတွင်း ဂိုးမသွင်းနိုင်ခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရချိန် လီဗာပူးအသင်းမှာ အရံကစားသမားနဲ့ လူငယ်ကစားသမား ငါးယောက်လောက်ထိ ကစားနေတာဖြစ်ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားတွေကို ကောင်းကောင်းယှဉ်ကစားနိုင်ခဲ့တာ တွေ့ရပါတယ် ။ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုရဲ့ လူစားလဲ ကစားစေတဲ့ နေရာမှာ တော်တော်လေး အားနည်းချက်ရှိနေတာကိုတွေ့ရပြီး ပွဲကို ထိန်းဖို့ကြိုးစားနေခဲ့တာမျိုး တွေ့ရပါတယ်။ လူငယ်ကစားသမားတွေနဲ့ လီဗာပူးအသင်းကို ပွဲချိန်အတွင်း အပြတ်ဖြတ်ဖို့ မကြိုးစားခဲ့ဘဲ ပင်နယ်လ်တီ အထိ သွားမယ်လို့ စိတ်ကူးလိုက်တဲ့ ပိုချက်တီနိုရဲ့ အမှားဟာ ဒီပွဲအတွက် အကြီးဆုံးအမှားဖြစ်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ လီဗာပူးအသင်း ထောင့်ကန်ဘော ကန်ခွင့်ရခဲ့ပြီး ဗန်ဒိုက်က ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် လီဗာပူးအသင်းဟာ အနိုင်ရလဒ်နှင့်အတူ ဖလားရစေခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ လီဗာပူးနည်းပြကြီး ကလော့ကို အဓိက ချီးကျူးချင်သလို ကစားသမားတွေကလည်း အစွမ်းကုန်ပေးဆပ် ကစားခဲ့တာ ဖြစ်ပါတယ်။ နောက်ရာသီမှာ နည်းပြကြီးကလော့စ် ထွက်တော့မှာမို့ လီဗာပူးအသင်းအတွက် ဖလားတွေ ယူပေးနေသလို နောက်ထပ်ဖလား မျှော်လင့်ချက်တွေ ရှိနေသေးတာ ဖြစ်ပါတယ်။ ကလော့လို အရည်အသွေးမြင့် နည်းပြတစ်ယောက် ထွက်ခွာသွားတာဟာ လီဗာပူးပရိတ်သတ်တွေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ် အတွက်တော့ တကယ်ကို စိတ်မကောင်းရာ ဖြစ်ပါတယ်။