October 21, 2024

၁၂. ၂. ၂၀၂၄

Photo by Ye Kyaw

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ဒီနေ့မှာတော့ ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာ MSME ဈေးရောင်းပွဲတော် ကျင်းပနေသလို ဖျော်ဖြေရေးအစီအစဉ်တွေနဲ့စတုဒိသာကျွေးမွေးနေတာတွေကြောင့် လာရောက်သူများပြားပြီး စည်ကားနေတာဖြစ်ပါတယ်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒံပေါက်စတုဒိသာ လှူဒါန်းနေတာဖြစ်သလို စက်မှုဇုန်လုပ်ငန်းရှင်တွေကလည်း ကြက်ဆီထမင်းစတုဒိသာ ကျွေးမွေးနေတာဖြစ်လို့ လာရောက်တန်းစီသူ များပြားပြီး ဖျော်ဖြေရေးအစီအစဉ်တွေ ခေတ္တခဏရပ်နားပေးခဲ့ရတဲ့ အခြေအနေတွေတောင် ဖြစ်ပေါ်ခဲ့ရပါတယ်။

ပြည်ထောင်စုနေ့ဖြစ်တာနဲ့အညီ ဖျော်ဖြေရေးအစီအစဉ်တွေမှာလည်း တိုင်းရင်းသားရိုးရာအကတွေနဲ့ တိုင်းရင်းသား သီချင်းတွေကို အထူးအလေးပေးဖျော်ဖြေကပြခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူ့ရင်ပြင်မှာ MSME ဈေးရောင်းပွဲတော်ကိုလည်း ဖေ‌ဖော်ဝါရီ ၁၀ ရက်တည်းက ကျင်းပနေသလို ဒီနေ့ဟာ နောက်ဆုံးရက်ဖြစ်တာမို့ ဈေးဝယ်သူတွေ၊ ရုံးပိတ်ရက်မှာ လာရောက်အပန်းဖြေသူတွေနဲ့ စည်ကားနေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *