October 20, 2024

၂၀. ၂. ၂၀၂၄

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောရပ်ကွက်၊ ရတနာပုံတက္ကသိုလ်ရှိ ဘောလုံးကွင်းတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ ကျရောက်မည့် ရတနာပုံတက္ကသိုလ်၏ (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်)မနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာထံမှ သိရသည်။

ယင်းမြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဘာသာရပ်ဌာနအသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၂၀ နှင့် စီမံရေးရာဌာနအသင်း တစ်သင်း၊ ပေါင်း ၂၁ သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို သမိုင်းဘာသာရပ်အသင်း၊ ဒုတိယဆုကို အင်္ဂလိပ်စာဘာသာရပ်အသင်း၊ တတိယဆုရရှိသည့် ဥပဒေပညာအသင်းနှင့် နှစ်သိမ့်ဆုရ အသင်း (၅)သင်းတို့အား ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *