October 19, 2024

၂၀. ၂. ၂၀၂၄

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား၊ အင်္ဂါထောင့် (အရှေ့တောင်ထောင့်) ကားကွင်းနေရာတွင် မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား ဂေါပကအဖွဲ့ဝန်ထမ်းမိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းအဖွဲ့များ၏ (၁၀) ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်) မွန်းလွဲ ၃ နာရီမှ စတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် အသင်း ၁၀ သင်းက ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုအား ရေချမ်းအိုးကျေးရွာအုပ်စုအသင်းက လည်းကောင်း၊ ဒုတိယဆုကို Green Challenge Association(မြို့ချစ်မီး)နှင့် သီဟအားမာန်အသင်းတို့က လည်းကောင်း၊ တတိယဆုကို ဈေးဆိုင်တန်းများအဖွဲ့နှင့် စိန်မြင့်မိုရ် ရွှေချလုပ်ငန်းတို့က လည်းကောင်း အသီးသီးရရှိခဲ့ကြပြီး ကျန်အသင်းများက နှစ်သိမ့်ဆုများ ရရှိခဲ့ကြောင်း သိရသည်။ (ဓာတ်ပုံ – ဘုရားဂေါပကအဖွဲ့)

Leave a Reply

Your email address will not be published. Required fields are marked *