
၂၂.၂.၂၀၂၄
Written By Thandar
ရုပ်ရှင်သရုပ်ဆောင် ဘေဘီမောင်ရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့အလှူကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ဇမ္ဗူသီရိမယ်သီလရှင်စာသင်တိုက်မှာ နေ့ဆွမ်းနဲ့ ဝတ္ထုတချို့ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။
“ဒီနေ့ မွေးနေ့အလှူလေးမှာ အရမ်းပျော်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကအလုပ်များနေတော့ ကြိုပြင်ဆင်ထားတာတော့မရှိဘူး။ ဆရာလေးလှူချင်တဲ့ စိတ်လေးနဲ့ ဆွမ်းကပ်မယ် လှူမယ်ဆိုတဲ့ စိတ်နဲ့ မွေးနေ့လုပ်ဖြစ်တာပါ။ ဆရာလေးကျောင်းမှာ အလှူလာလုပ်ပေမယ့် ဟို တယ်ကြီးတွေနဲ့ မလဲနိုင်တဲ့ ပီတိ ဖြစ်ရတယ်။ ပီတိလည်းဖြစ်တယ် အရမ်းလည်း ပျော်ပါတယ်။ အသက် တစ်နှစ်ကြီးရင် အသိတစ်နှစ် ပိုကြီးလာရမယ်။ ကိုယ့်အမှားတွေကို ပြင်ဆင်ပြီး ကောင်းမှုတွေနဲ့ ဘဝကို ဖြတ်သန်းသွားချင်တယ်” လို့ သရုပ်ဆောင် ဘေဘီမောင်က ပြောပါတယ်။
သူမရဲ့ မွေးနေ့မှာတော့ ကျောင်းမှာရှိတဲ့ သီလရှင်ဆရာလေးတွေကို ဆွမ်းထမင်း ဟင်း နေ့လည်စာအာဟာရ ကုသိုလ်ပြုပြီး ဝတ္ထုငွေတချို့နဲ့ လှူဖွယ် ပစ္စည်းတွေ လှူဒါန်းခဲ့ပြီးတော့ မွေးနေ့အမှတ်တရအဖြစ် ခင်ပွန်းဖြစ်သူအဆိုတော် သားဂန်းက တေးသီချင်းတချို့နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဘေဘီမောင်တို့ မိသားစုကတော့ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ လက်ရှိ Billion Queen Gold & Jewellery ဆိုင်ကို ဖွင့်လှစ်ထားသူလည်းဖြစ်ပါတယ်။



