October 20, 2024

၂၃.၂.၂၀၂၄

Photo by Nyein Kyaw

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်း ဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော် (၁၂၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဗုဒ္ဓအဘိသေကအနေကဇာတင်ပွဲကို ဖေ‌ဖော်ဝါရီ ၂၂ ရက်မှ မတ်လ ၂ ရက်အထိ ၁၀ ရက်တိုင်တိုင် ကျင်းပနေပြီး ဆွမ်းဆန်‌စိမ်းလောင်းလှူပွဲ၊ ထမနဲထိုးပွဲ‌တွေ ထည့်သွင်း ပြုလုပ်သွားမှာဖြစ်သလို ဘုရားဈေးပွဲတော်ကိုလည်း ၁၀ တိုင်တိုင် ပြုလုပ်နေတာဖြစ်ပါတယ်။

ဆောင်းရာသီရဲ့ အငွေ့အသက်တွေ နောက်ဆုံးကျန်ရှိတဲ့ ဆောင်းအကုန် နွေအကူး ပွင့်လင်းရာသီ ဒီလိုအချိန်တွေမှာ ဘုရားပွဲတွေ ကျင်းပလေ့ရှိတာဖြစ်ပါတယ်။ ‌ဘုရားပွဲ‌ဈေးတွေမှာပဲ လှိုင်လှိုင်ရတတ်တဲ့ ရေမုန့်၊ ကောက်ညှင်း ကျည်တောက်၊ ထမနဲတို့လို မြန်မာမုန့်တွေကို စားချင်သူတွေ၊ အကြော်စုံထိုင်စားချင်သူတွေဟာ ဘုရားပွဲဈေးတွေကို မိသားစုနဲ့တစ်မျိုး၊ ချစ်သူရည်စား‌တွေနဲ့တဖုံ၊ အပေါင်းအသင်းတွေနဲ့ပါ လာရောက်နေတာမို့ စည်ကားနေတာပဲ ဖြစ်ပါတယ်။

ဒီလို ရပ်ကွက်တွင်း ဘုရားပွဲတွေဟာ ကိုဗစ်ကာလပြီးကတည်းက ပျော်ပွဲရွှင်ပွဲတွေ အနည်းအကျဉ်းသာ ကျင်းပနိုင်တာမို့ အခုလို ရန်ကုန်မြို့ပြတွေမှာ ကျင်းပတဲ့ ဘုရားပွဲဈေးမှာ ပင်လယ်ဓားပြ၊ ချားရဟတ်၊ ရထားတွဲလေးတွေပါ ပါဝင်တာကြောင့် ခေတ်မီကစားကွင်းတွေကို မသွားနိုင်တဲ့ အခြေခံလူတန်းတွေအတွက် အစားထိုးပျော်ရွှင်စရာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *