October 19, 2024

၂၄. ၂. ၂၀၂၄

Written By Thandar

တေးသံရှင် ပြုံးအင်္သချေရဲ့ လေးနှစ်အကြာမှ ပထမဆုံး ပြန်ထွက်လာခဲ့တဲ့ “အရက်ညာတိုက်တယ်” တေးသီချင်း မိတ်ဆက်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ စိမ်းလန်းစိုပြေမှာ ကျင်းပခဲ့ပါတယ်။

“ဒီသီချင်းလေးက သီချင်းအသစ်မထွက်တာ ၄ နှစ်အကြာမှာ ပထမဆုံးထွက်မယ့် Come Back Song လေးပါ။ ဒီသီချင်းလေးကို YouTube မှာ နားထောင်ပြီး ကြိုက်သွားတာပါ။ ၁၉၈၂ ခုနှစ်တုန်းက အန်တီပုလဲ ဆိုခဲ့တဲ့ သီချင်းလေးပေါ့။ အဲဒီသီချင်းလေးက အန်တီပုလဲဆိုတုန်းကလည်း နားထောင်ရင်းနဲ့ တကယ့်ကို ကိုယ်ပါ မူးသွားသလို ခံစားရတယ်။ ကိုယ်တိုင် ပြန်ဆိုတဲ့အခါကျတော့ မူရင်းဆိုတဲ့သူရဲ့ ပုံစံလည်း မပျောက်သွားအောင် သေချာလေး ပြန်ဆိုထားတယ် ” လို့ တေးသံရှင် ပြုံးအင်္သချေက ပြောပါတယ်။

အဆိုပါ တေးသီချင်း မိတ်ဆက်ပွဲကိုတော့ တေးသံရှင် ဂျက်မြသောင်း၊ ပူစူး၊ လမင်းကဗျာ၊ သရုပ်ဆောင် ဘုန်းလျှံ ၊ မိုးစက် ၊ ပွင့်နဒီမောင် ၊ မိုခမ်း စတဲ့အတူ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။

တေးရေးဆရာကြီး ကိုလေးလွင်ရဲ့ “အရက်ညာတိုက်တယ်” တေးသီချင်းရဲ့ Music Video ကိုလည်း ၁၉၈၂ခုနှစ် ပုံစံ ဒါရိုက်တာ နေသူရိန်က သရုပ်ဆောင် ဇက်ကိုဟန်နဲ့ ပြုံးအင်္သချေ စတဲ့သူတွေနဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *