October 19, 2024

၂၅. ၂. ၂၀၂၄

Written By Thandar

MRTV-4 ရုပ်သံဇာတ်လမ်းတွဲများ Press Show & Fan Meet ပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ ကျင်းပခဲ့ပါတယ်။

” ကိုတိုးနေရာက သရုပ်ဆောင်ထားပါတယ်။ အပြင်မှာ ချစ်တတ်တဲ့ အကိုတစ်ယောက်နေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိသားစုတွေကို ဦးဆောင်ဦးရွက် လုပ်ရတဲ့ သူတွေကြည့်ရမယ့် ကားလေးပါ။ ဒီကားက မင်းသမီး ဇာတ်ဖြစ်လို့ ညီမလေးကို ကျွန်တော့်အနေနဲ့ အကောင်းဆုံးပံ့ပိုးပေးထားပါတယ် “လို့ သရုပ်ဆောင် ဟန်ထူးဈာန်က ပြောပါတယ်။

“ပိုး” ဇာတ်လမ်းတွဲ ၊ “ကာရန်လွဲမေတ္တာ” ဇာတ်လမ်းတွဲ ဇာတ်ကားတွေ မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားကို ထုတ်လုပ်သူ ဒါရိုက်တာမောင်သီ ၊ ဒါရိုက်တာ ထင်ကျော် ၊ သရုပ်ဆောင်‌တွေဖြစ်တဲ့ ဟန်ထူးဈာန် ၊ ဖြိုးရာဇာနိုင် ၊ ဂရိတ်ချမ်း ၊ အေးမြတ်နိုးစံ ၊ သာသာ ၊ မေဘယ်လ် ၊ လွန်းခြယ် ၊ ထူးဝဏ္ဏရှိန်၊ အခရာ၊ ပြုံးဟန်သာ စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒိနောက်မှာ ပိုးဇာတ်ဝင်တေး ၊ အဖြူရောင် သက္ကရာဇ် ဇာတ်ဝင်တေး ၊ ကာရန်လွဲမေတ္တာ ဇာတ်ဝင်တေး စတာ တွေ သီဆိုဖျော်ဖြေခဲ့ပြီး ဂိမ်းတွေဆော့ကစားကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်က မိသားစုဒရာမာ ပုံစံ ပုံဖော်ခဲ့တဲ့ ဇာတ်ကားကို ” ပိုး” ဇာတ် လမ်းတွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ပြီး MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသနေလျက်ရှိပါတယ်။

ပိုး ဇာတ်လမ်းတွဲကို ဇာတ်လမ်း မောင်ငယ်ရင်သွေး၊ ဇာတ်ညွန်း အေးမို့မို့အောင် ၊ စန်းယုမောင် ရေးသားပြီး ဒါရိုက်တာ မောင်သီ၊ ထင်ကျော် တို့က သရုပ်ဆောင်တွေဖြစ်တဲ့ ဟန်ထူးဈာန်၊ အကယ်ဒမီ မေသဉ္ဇာဦး၊ ဇင်မျိုး ၊သာသာ၊ ရဲဦး ၊ အေးမြတ်နိုးစံ၊ ဖြိုးရာဇာနိုင်၊ မေဘယ်လ် ၊ လွန်းခြယ်၊ သက်ဦးကို၊ ထက်ရှိန်အောင်၊ ထူး၀ဏ္ဏရှိန်၊ အခရာ၊ ပြုံးဟန်သာကိုနဲ့ အနုပညာရှင်များစွာက ပါ၀င်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *