October 21, 2024

၂၃. ၂. ၂၀၂၄
Written by Hey Mar

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်အစောပိုင်းက မိုးရွာသွန်းမှုကြောင့် မူလာရှီးဒီးချောင်းအတွင်း တောင်ကျချောင်းရေလျှံကာ ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ)တည်ဆောက်ရေးလုပ်ငန်းခွင်မှ လုပ်သား ခြောက်ဦးနဲ့ ကလေးတစ်ဦးတို့ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အဆိုပါ ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ) တည်ဆောက်ရေးလုပ်ငန်းရှိ လုပ်သားခြောက်ဦးနဲ့ ကလေးငယ်တစ်ဦး စုစုပေါင်း(၇)ဦးတို့က ရေလည်သောင်ပြင်ရှိ နေထိုင်ရာတဲအတွင်း ကျန်ရှိနေကြောင်း တာဝန်သိပြည်သူတစ်ဦးက ပူတာအိုခရိုင်/မြို့နယ်မီးသတ်စခန်းကို သတင်းပေးပို့လာတာကြောင့် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပြီး ခက်ခက်ခဲခဲကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ကျချောင်းရေထဲပိတ်မိသွားတဲ့ လုပ်သား ၆ ဦးနဲ့ ကလေးငယ်တစ်ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့သလို လူ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *