October 20, 2024

၂၅. ၂. ၂၀၂၄
Written By Thandar

ထိုင်းနိုင်ငံက Sansiri ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နေထိုင်မှုမျိုးတွေ ရရှိမယ့် Luxury Condo အရောင်းပြပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ရက်တို့မှာ ရန်ကုန်မြို့ Pan Pacific Hotel မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်နေပါတယ်။

“ကျွန်မတို့က မနေ့ကနဲ့ ဒီနေ့နဲ့မှာ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ၂ ရက်ကျင်းပတာပါ။ မြန်မာနိုင်ငံက အများပြည်သူတွေ လိုအပ်ချက်တွေနဲ့ကိုက်ညီမယ့် အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှုလုပ်ဆောင်နိုင်အောင် ယူဆောင်လာပေးတာဖြစ်ပါတယ်။ ဈေးကွက်လိုအပ်ချက်အရ မြန်မာတွေက ဘန်ကောက်မှာ နေထိုင်ကြတာများလာတယ်။ ဒါကြောင့် စိတ်ချသေချာပြီး ခေါင်းရှုပ်စရာမလိုဘဲ ကျွန်မတို့က ဘန်ကောက်က အကောင်းဆုံး Developer ပေးချင်တာပါ။ ဘန်ကောက်ရဲ့မြို့လည်ခေါင်ကျတဲ့ အကွက်အကွင်းကောင်းတာ XT Phayathil ရှိပါတယ်။ အဲ့ဒီလို သူ့နေရာသူအကောင်းဆုံး ချိတ်ဆက်မှုတွေလုပ်ဆောင်ပေးတာဖြစ်ပါတယ်”လို့ ဒါရိုက်တာ မသီရိသော် (NAYA My Bangkok home )က MT Entertainment ကို ပြောပါတယ်။

အဆိုပါ အိမ်ခြံမြေရင်းနှီးမြှပ်နှံလိုသူတွေအနေနဲ့ ဒီပြပွဲမှာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း Developer တစ်ဦးဖြစ်တဲ့ Sansiri ရဲ့ ကြီးမားတဲ့ Project ၆ ခုကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး ဈေးနှုန်းတွေ အနေနဲ့ ကျပ်သိန်း ၂ ထောင်ကနေ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။ ချက်ခြင်းတက်နေနိုင်တဲ့ အသင့်နေကွန်ဒိုတွေအပြင် ကြိုပွိုင့်အနေနဲ့ ရောင်းချပေးနိုင်မယ့် ရွေးချယ်မှုများစွာပါဝင်မှာဖြစ်ပါတယ်။

Sansiri က သမားရိုးကျဝန်ဆောင်မှုပေးနေခြင်းတွေက ကျော်လွန်ပြီး စိတ်ကျေနပ်ဖွယ်ရာပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုပေးတဲ့ ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော Developer ဖြစ်တယ်လို့ဆိုပါတယ်။ ဒီပြပွဲမှာ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဥပဒေများကို ရှင်းလင်းစွာနားလည်သိရှိနိုင်ပြီး မိမိရဲ့ အနာဂတ် အကျိုး ဖြစ်ထွန်းမှုတွေကို သေချာခိုင်မာစေမှာဖြစ်ကာ အရစ်ကျစနစ်နဲ့ ဝယ်ယူနေထိုင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *