October 20, 2024

၂၅. ၂ .၂၀၂၄
Translated by Htwe Ko Tun

လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့်အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ကိုယ်စားပြုသည့် သမ္မတလောင်းနေရာအတွက် ပါတီတွင်းမဲပေးရွေးကောက်ပွဲကို တောင်ကယ်ရိုလိုင်းနားပြည်နယ်၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပခဲ့ရာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၎င်း၏ အဓိကပြိုင်ဘက် နစ်ကီး ဟာလီကို အနိုင်ရရှိသွားခဲ့ကြောင်းသိရသည်။

ရီပတ်ဘလစ်ကန်ပါတီ၏ ပါတီတွင်းသမ္မတလောင်းအဖြစ် ရွေးကောက်ပွဲများကို ပြည်နယ်အလိုက်ကျင်းပခဲ့ရာတွင် ထရန့်ကကျင်းပပြီးစီးခဲ့သော အိုင်အိုဝါပြည်နယ်၊ နယူးစ်ဟမ်ရှိုင်းယားပြည်နယ်၊ နီဗားဒါး ပြည်နယ်နှင့် ယူအက်စ်ဗာဂျင်းကျွန်းစုတို့၌အနိုင်ရခဲ့ပြီးဖြစ်ရာ ယခုအခါ ပဉ္စမမြောက်နေရာအဖြစ် ထပ်မံအနိုင်ရရှိခြင်းဖြစ်သည်။

သို့သော် နစ်ကီးဟာလီအား အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ကြိမ်တိုင်တင်မြှောက်ခဲ့သော တောင်ကယ်ရိုလိုင်းနားပြည်နယ်က ၎င်းအတွက် အခက်ခဲအကြမ်းတမ်းဆုံးယှဉ်ပြိုင်ခဲ့ရမှုဟုလည်း သတင်းများကဆိုခဲ့ကြသည်။

နစ်ကီး အနေဖြင်လည်း သူမအား ပါတီတွင်း သမ္မတလောင်းနေရာယှဉ်ပြိုင်မှုမှ နုတ်ထွက်ပြီး ဒေါ်နယ်ထရန့်ကိုသာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကို ယှဉ်ပြိုင်နိုင်သူအဖြစ်ဦးစားပေးရန် လိုလားကြသည့် ရီပတ်ဘလစ်ကန်ပါတီဝင်များ၏ ဖိအားအောက်တွင် ၎င်း၏ပြည်နယ်ဖြစ်သော် လည်း ထရန့်ကို ရှုံးနိမ့်ခဲ့ရသည်။ နစ်ကီး၏အဖွဲ့ကမူ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းပြောခဲ့ပြီး ပါတီတွင်းသမ္မတလောင်းရွေးပွဲကို မီချီဂန်ပြည်နယ်တွင် ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။

The Economist မီဒီယာက ဒေါ်နယ်ထရန့်နှင့် ဂျိုးဘိုင်ဒန်တို့နှစ်ဦးအား ထောက်ခံမှုအပေါ် ဆန်းစစ် လေ့လာချက်တစ်ရပ် နောက်ဆုံးပြုလုပ်ခဲ့ရာတွင် ဒေါ်နယ်ထရန့်အားထောက်ခံမှု ၄၆ ရာခိုင်နှုန်းနှင့် ဂျိုးဘိုင်ဒန်အပေါ်ထောက်ခံမှု ၄၄ ရာခိုင်နှုန်းရှိကြောင်း တွေ့ခဲ့ရသည်။

Ref–CNN

Leave a Reply

Your email address will not be published. Required fields are marked *