October 20, 2024

AA နဲ့ MDF ပူးပေါင်းတပ်က နယ်မြေလုမှုကြောင့် ချင်းပူးပေါင်းတပ်ဘက်က သေဆုံးသူ ၇ ဦးရှိလာ

၂၅. ၂. ၂၀၂၄
Written by Nay Moe

ချင်းပြည်နယ် ပလက်ဝနယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ က ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ MDF နဲ့ AA ပူးပေါင်းပြီး မြို့ကို မူလကတည်းက ထိန်းချုပ်ထားတဲ့ ချင်းပူးပေါင်းတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာကြောင့် ချင်းအမျိုးသားတပ်ဦး(CNA)ရဲဘော် (၄) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပလက်ဝနယ်ဟာ မူလကတပ်စခန်းတွေ ရှိသလို ချင်းအမျိုးသားတပ်ဦး(CNA/CDF) နဲ့ ချင်းကာကွယ်ရေးတပ် (CDF-ပလက်ဝ) လှုပ်ရှားရာနယ်မြေဖြစ်ပြီး ပလက်ဝနယ်မြေက တပ်စခန်းတွေကို AA၊ MDF နဲ့ YDF တို့ တိုက်ခိုက်သိမ်းပိုက်အပြီးမှာ ပလက်ဝနယ်မြေအုပ်ချုပ်ခွင့်အတွက် ချင်းပူးပေါင်းတပ်ကတစ်ဖက်၊ AA နဲ့ ချင်း MDF တို့ကတစ်ဖက် လုယက်တိုက်ပွဲဆင်နေတာပါ။

မရာမျိုးနွယ်စုလက်နက်ကိုင်ဖြစ်တဲ့ MATC/MDF ဟာ NUG လက်အောက်ခံဖြစ်ပြီး ပလက်ဝကိုထိန်းချုပ်ချင်တဲ့ AA နဲ့ ပူးပေါင်းပြီး ကျန်တဲ့ မရာမျိုးနွယ်စုလက်နက်ကိုင် CDF – Mara ၊ CNA နဲ့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ ချင်း+ ရခိုင် လက်နက်ကိုင် MDF နဲ့ AA ရဲ့ ထိုးစစ်ဆင်မှုကို CDF- Mara နဲ့ CNA ချင်းပူးပေါင်းတပ်တွေက ခုခံနေရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း AA နဲ့ MDF တိုက်ခိုက်မှုကြောင့် CNA ရဲဘော် ၂ ဦး၊ CDF-Mara ရဲဘော် ၁ ဦးသေဆုံးခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပြီး လက်ရှိမှာ MDF ကလည်း သူတို့တပ်ကိုကျုးကျော်လာတဲ့ CNA နဲ့ ချင်းတပ်ပေါင်းစုကို သူတို့ထိန်းချုပ်ရာနယ်မြေက ထွက်ဖို့နဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကဖြစ်ခဲ့တဲ့ ပလက်ဝ၊ ပထိန်တလန်တိုက်နယ်၊ ပိုက်တေရွာအနီး တိုက်ပွဲမှာ CNA က လေးဦးသေပြီး လက်နက် ၅ လက်ရခဲ့တယ်လို့ ပြောပါတယ်။

ပုံစာ။ AA နှင့် MDF ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် CNA ၆ ဦးနှင့် CDF – Mara ၁ ဦး တွေ့ရစဥ် (Photo – Zofa Journal)

 

Leave a Reply

Your email address will not be published. Required fields are marked *