October 20, 2024

၂၅. ၂, ၂၀၂၄

Written by KL

ပဲခူးတိုင်းဒေသကြီး ၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်-ပြည် ကားလမ်း မြေစူတောင် အတက်လမ်းတွင် ဖေဖော်ဝါရီ၂၄ ရက် ည ၉ နာရီခွဲခန့်က ဆန်တင်လာသော ၂၂ ဘီးကား ဘရိတ်ပေါက်ကာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

၂၂ ဘီးယာဥ်မှာ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်များကို တင်ဆောင်လာပြီး မောင်းနှင်လာစဥ် ဘရိတ်ပေါက်ရာမှ လမ်းဘေးသို့ နောက်ပြန်ကျပြီး ကားပက်လက်လန်တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်မောင်းနှင့် ယာဥ်နောက် လိုက်မှာ ဦးခေါင်းကွဲ ၊ ခြေလက်ပေါက်ပြဲနှင့် ခြေထောက်အကြောတင်၊ သွေးထွက် ဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

ဒဏ်ရာရသူများကို မြေပြင်အရေးပေါ်ကုသခဲ့ပြီး ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပရဟိတပါရမီမှ အရေးပေါ်ယာဥ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *