October 20, 2024

၂၄. ၂. ၂၀၂၄
Written by Min Mahar

ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး မိုင်တိုင်အမှတ် (၁၅၂/၅)အနီး အမျိုးသားတစ်ဦးအား PDF များက သေနတ်ဖြင့် ၆ ချက် ပစ်ခတ်သတ်ဖြတ်သွားမှု သထုံမြို့နယ်တွင်  ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ ဂေါ့သန်ကျေးရွာ၊ တိုးရ်ဂိတ်အနီး၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး မိုင်တိုင်အမှတ် (၁၅၂/၅)အနီးတွင် ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်) မနက် ၉ နာရီခန့်က အသက် ၃၂ နှစ်အရွယ်အမျိုးသားတစ်ဦးသည် သထုံမြို့ဘက်မှ ပေါင်မြို့ဘက်သို့ ဆိုင်ကယ်ဖြင့် သွားနေစဉ် လားရာတူမှ ဆိုင်ကယ်တစ်စီးဖြင့် PDF အမျိုးသားနှစ်ဦးက အနောက်က သေနတ်ဖြင့် လိုက်လံပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အသတ်ခံရသူအမျိုးသားသည် သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ရွာဦး(၂)လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နဖူးကို ဖောက်ဝင်သွားသည့်ဒဏ်ရာ ၂ ချက်၊ ဝမ်းဗိုက် ဖောက်ဝင်သွားသည့် ဒဏ်ရာ ၃ ချက်နှင့် ယာဘက်လက်မောင်း ဖောက်ဝင်သွားသောဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိကာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် သထုံမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သွားရောက်ကူညီရာတွင် ပါဝင်ခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *