October 20, 2024

၂၄. ၂. ၂၀၂၄
Written by Min Har

တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF တို့ ယမန်နေ့အရုဏ်မတက်မီချိန်က ထိတွေ့တိုက်ပွဲများဖြစ်ကာ PDF များ၏ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၂၃ ရက်)နံနက်အရုဏ်မတက်မီ ၃ နာရီချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ၊ ကံထူးမကျေးရွာတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များမှ တိုက်ခိုက်လာသဖြင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ PDF များက ပြန်လည်ထွက်ပြေးသွားကာ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ကျန်ရှိခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ ကေအေသေနတ် ၁ လက်၊ အမ်အေသေနတ် ၁ လက်၊ ဒရုန်း ၁ စီး၊ မြေကော်ယာဉ် ၁ စီး၊ ကျည်အိမ် ၂ ခုတို့ ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *