October 19, 2024

၂၄. ၂. ၂၀၂၄
Written By Thandar

လက်တွေ့ဘဝရဲ့ မိသားစုဇာတ်အိမ်ကို ပရိသတ်ရင်ထဲထိအောင် ပုံဖော်ရိုက်ကူးထားတဲ့ “ဒီအိမ်လေး” ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ ၂၃ ရက်က စတင် ထုတ်လွှင့်နေပြီဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်းမှာ ချစ်မေမေ Mobile Application မှာ ထုတ်လွှင့်ပြသလျက်ရှိပါတယ်။

“လူ့ဘဝဆိုတာ အားလုံးပြည့်စုံတယ်တော့ ဘယ်ရှိမလဲ။ အမြဲတမ်းလည်း သာယာအဆင်ပြေနေတယ် မဟုတ်ပေမယ့် သာယာကြည်နူးစရာအချိန်လေးတွေ မိသားစုချစ်ခြင်းတွေနဲ့ ဘဝရဲ့အဓိပ္ပါယ်တွေကို ဘယ်လိုပြည့်စုံအောင်ဖြတ်သန်းကြရမလဲဆိုတာ Chit MayMay Application က ထုတ်လွှင့်ပြသတဲ့ ဒီအိမ်လေး – Little Home ဇာတ်လမ်းတွဲကိုကြည့်ရင်း ဘဝအမောတွေ ခဏမေ့ လိုက်ကြရအောင်လို့ ပြောချင်ပါတယ် “လို့ သရုပ်ဆောင် စည်သူမောင်က ပြောပါတယ်။

ဒါရိုက်တာအောင်မြင့်မြတ်(အောင်မြောက်) ရိုက်ကူးပြီး Chit MayMay ရဲ့ Original Series တစ်ခုဖြစ်တဲ့ “ဒီအိမ်လေး “ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် စည်သူမောင် ၊ ချောရတနာ ၊ ဆုလာဘ်ရတနာ၊ ဟိန်းသန့်ဇေ၊ စည်သူထက် စတဲ့အနုပညာရှင်များစွာက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

“ဒီအိမ်လေး” ဇာတ်လမ်းတွဲက ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေကို လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားက မိသားစုအိမ်လေးကို မပြိုလဲအောင် မိသားစုဝင်တွေက ထိန်းသိမ်းကြ‌တာတွေကို ဇာတ်အိမ်ကောင်းကောင်း ရိုက်ကူးပုံဖော်ထားဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *