October 19, 2024

၂၄. ၂. ၂၀၂၄
Written By Thandar

လှပထည်ဝါတဲ့ စိန်ထည်ပစ္စည်းတွေနဲ့အတူ အနုပညာရှင်ကြယ်ပွင့်တွေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ဝါဝါဝင်းရွှေ ၊ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ ၊ ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦး ၊ အလင်းရောင် ၊ အေးဝတ်ရည်သောင်း ၊ မေဂရေ့စ် စတဲ့သူတွေက ရန်ကုန်မြို့ Junction City ရှိ စိန်စမ္ပယ်ဖူးစိန်တိုက် ဆိုင်အမှတ်(၃) ကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် ‌နံနက် ၁၁ နာရီက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

” ဒီစိန်စမ္ပယ်ဖူးစိန်တိုက် စိန်ဆိုင်ရဲ့ သက်တမ်းက နှစ် ၄၀ ကျော်ရှိပြီးတော့ ထက်ထက်နဲ့ လက်တွဲလာတာဆိုရင် ထက်အသက် ၂၀ လောက်ထဲက လက်တွဲလာခဲ့တာပါ။ ခုချိန်ထိ ထက်ထက်တို့ အတူတူ လက်တွဲခွင့်ရလို့လည်း ဝမ်းသာပါတယ်။ ခုလို စိန်ဆိုင်ပေါင်းများစွာ ဆက်လက်ဖွင့်လှစ်နိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်” လို့ ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးက ပြောပါတယ်။

အဆိုပါဆိုင်သစ်ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ၂၅ရက်အထိ ၂ ရက်တိုင် ကျင်းပမှာဖြစ်ပြီး ဒီဖွင့်ပွဲမှာ ရဲရင့်အောင် ၊ အေးချမ်းမောင် စတဲ့အနုပညာရှင်တွေက ဂုဏ်ပြုနှုတ်ဆက်စကားတွေ ပြောကြားခဲ့သလို ပန်းစည်းလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် Dancer အဖွဲ့တွေ ကပြဖျော်ဖြေခဲ့ပြီး အနုပညာရှင်တွေနဲ့အတူ ဂိမ်းတွေ ဆော့ကစားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *