October 19, 2024

၂၄. ၂. ၂၀၂၄
Written by Pan Ei

၂၀၂၃ ခုနှစ် ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးအမျိုးသားအဖြစ် သတ်မှတ်ခံထားရတဲ့ Timothée Chalamet နဲ့ ပရိသတ်ချစ် မင်းသမီးချော Zendaya Colemanတို့ဟာ သူတို့ရဲ့ ရုပ်ရှင်သစ် ‘Dune: Part 2’ အတွက် ပရိုမိုရှင်းလုပ်ဖို့ မကြာသေးမီက တောင်ကိုရီးယားကို ရောက်ရှိလာပြီး ကိုရီးယားတီဗီရှိုးတစ်ခုမှာ ဧည့်သည်အဖြစ် ပါဝင်သွားကြမယ်လို့လည်း အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။

Timothée Chalamet နဲ့ Zendaya Coleman တို့ဟာ နိုင်ငံကိုယ်စားပြု MC ယူဂျယ်ဆော့နဲ့ ဂျိုဆယ်ဟို တို့ ဦးဆောင် တင်ဆက်နေတဲ့ တောင်ကိုရီးယား တီဗီရှိုး ‘You Quiz on the Block’ မှာ ဧည့်သည်တွေအဖြစ် ပါဝင်သွားမှာ ဖြစ်ပြီး သူတို့ပါဝင်မဲ့ အပိုင်းကို လာမဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Timothée Chalamet ဟာ ၂၀၁၉ ခုနှစ်က ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ သူပါဝင်ခဲ့ပြီးနောက်ပိုင်း ငါးနှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယားကို လာရောက်ခြင်းဖြစ်ကာ Zendaya အတွက်ကတော့ သူမရဲ့ တောင်ကိုရီးယားကို ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပါတယ်။

နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Timothée Chalamet၊ Zendaya Coleman တို့နဲ့ ကိုရီးယားမီဒီယာတို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတကာ အနုပညာနယ်ပယ်တွေအကြား အတွေ့အကြုံများကို မျှဝေပေးနိုင်ပြီး ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တွေကိုလည်း အနီးကပ်နဲ့ ပုဂ္ဂိုလ်ရေးအရ မြင်တွေ့နိုင်ဖို့ စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ Timothée Chalamet နဲ့ Zendaya တို့ရဲ့ ရုပ်ရှင်သစ် ‘Dune: Part 2’ ကတော့ တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်ကစပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *