October 20, 2024

၂၄. ၂. ၂၀၂၄
Written by Nay Aung

အိန္ဒိယနိုင်ငံက လသားအရွယ်သာရှိသေးတဲ့ မွေးကင်းစ ကလေးငယ်တစ်ဦးဟာ အရာဝတ္တုပေါင်း ၁၂၀ ကို မှန်ကန်အောင် ရွေးထုတ်ပြနိုင်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၄ လအရွယ်သာရှိသေးတဲ့ ကိုင်ဗယ်ရာအမည်ရှိ ကလေးငယ်ဟာ  ဟင်းသီးဟင်းရွက်၊ တိရစ္ဆာန်တွေအပါအဝင် အရာဝတ္ထုပေါင်း ၁၂၀ ကို ရွေးထုတ်ပြနိုင်တဲ့အတွက် Noble World Records စံချိန်ချိုးခဲ့ပါတယ်။

ကိုင်ဗယ်ရာဟာ မတူညီတဲ့အရာဝတ္တုပေါင်း ၁၂၀ ကျော်ကို မှန်ကန်အောင်ခွဲခြားပြနိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ကလေးအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၄လအရွယ်ရှိသေးပေမယ့် ကာဗယ်ရာလေးဟာ ပန်း ၁၂ ပွင့်၊ ဟင်းသီးဟင်းရွက် ၂၇ မျိုး၊ သစ်သီး ၂၇ ခု၊ တိရစ္ဆာန် ၂၇ ကောင်နဲ့ ငှက် ၂၇ ကောင်တို့ကို ကတ်ပြား တွေပြလိုက်တာနဲ့ ရွေးပြနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

Noble World Records အဖွဲ့ဟာ ကမ္ဘာ့ဂင်းနစ်စံချိန် လေ့လာစောင့်ကြည့်ရေးအဖွဲ့ပြီးရင် ကမ္ဘာပေါ်မှာ စံချိန်မှတ်တမ်းတွေနဲ့ပတ်သက်ပြီး လေ့လာစောင့်ကြည့်တဲ့ ဒုတိယအကြီးဆုံးအဖွဲ့လည်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့မိခင်ဖြစ်သူဟိုမာက သမီးဖြစ်သူရဲ့ထူးခြားတဲ့ စွမ်းရည်တွေကို သတိထားမိခဲ့ပြီးနောက် သမီးငယ်ဖြစ်သူရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့အချက်လက်တွေကို Noble World Records ထံ ပေးပို့ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

မိခင်ဖြစ်သူ ဟိုမာက”  ကျွန်မနဲ့ ခင်ပွန်းဖြစ်သူ ရာမက်စ်တို့ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ လက်ထပ်ခဲ့တယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ သမီးငယ် ကိုင်ဗယ်ရာကို မွေးဖွားခဲ့တယ်။ ကျွန်မဟာ သမီးငယ်ကိုမွေးဖွားပြီးနောက် ၂ လအကြာမှာပဲ အနက်ရောင်နဲ့ အဖြူရောင်ကတ်ကလေးတွေကို စတင်ပြသခဲ့တယ်။ အဲဒီအချိန်မှာ သမီးငယ်လေးဟာ အာရုံထွေပြားမှုမရှိဘဲ ပြသတဲ့အရာတွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကြည့်နေခဲ့တာသတိထားမိတယ်။ သမီးငယ်ရဲ့အံအားသင့်ဖွယ်ကောင်းတဲ့ အရည် သွေးတွေကို သိရှိလာခဲ့တယ်” လို့ ပြောပါတယ်။

Ref newindianexpress

Leave a Reply

Your email address will not be published. Required fields are marked *